အမြို့မြို့အနယ်နယ်သတင်းများ

Jan 13,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်ရေး ကော်မတီအနေဖြင့် ဦးတည်အုပ်စုများအလိုက် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက်(၉း၀၀) နာရီအချိန်ကအမှတ်၁၂ ရပ်ကွက်၊ သိပ္ပံပစ္စည်းစက်ရုံ၀န်း လှိုင်ကုသရေးစင်တာ၌ အသက် (၁၈) နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး (Covishield)အမျိုးအစားကိုပထမအကြိမ်ထိုးနှံပေးပြီး (Sinopharm)အမျိုးအစားကိုဒုတိယအကြိမ် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
Jan 13,2022
ပြည်သူများစာဖတ်သည့် အလေ့အကျင့်မှ အလေ့အထကောင်းများ ဖြစ်ပေါ်လာစေရန်နှင့် အသိဉာဏ်ပညာ တိုးတက်မြင့်မားလာပြီး အကောင်း၊ အဆိုး၊ အမှား၊ အမှန်ဝေဖန်သုံးသပ်နိုင် စေရန်နှင့် ပြောဆိုဆွေးနွေးတတ်သည့် အလေ့အထများ ရရှိစေရန် ရည်ရွယ်၍ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမတွင် စာရေးဆရာဒေါက်တာ ဦးလှကြည် (ကလေးကျန်းမာရေး) ရေးသားသည့် “ကလေး ကျန်းမာဖွံ့ဖြိုးရေး နိုင်ငံတိုးတက်မှုနှင့်ခဲဆိပ်အန္တရာယ်” စာအုပ်ဖြင့် ယနေ့ မွန်းလွဲ ၃ နာရီက  စာဖတ်ဝိုင်းကျင်းပ ဆောင်ရွက်ခဲ့သည်။
Jan 13,2022
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ အင်ဂျန်းယန်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းကို မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့၏အနီးကပ်ကြီးကြပ်မှုဖြင့် နယ်မြေဒေသ အခြေအနေအရ မြစ်ကြီးနားမြို့နယ်၊ ပလနကျေးရွာအုပ်စု၊ ပိတောက်မြိုင်ကျေးရွာ၊ စိန့်ဂျိုးဇက် အသင်းတော် (IDP Camp)တွင် နေထိုင်လျက်ရှိသော အင်ဂျန်းယန်မြို့နယ်ဒေသမှ ပြည်သူများအား ယနေ့နံနက် ၉ နာရီ ၃၀ မိနစ်မှစတင်၍ ကိုဗစ်- ၁၉ရောဂါ ကာကွယ်ဆေး (ဒုတိယအကြိမ်) ထိုးနှံပေးခဲ့ကြောင်း သိရသည်။
Jan 13,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ လင်းခေးမြို့တွင် မြို့နယ်ကိုဗစ်ကော်မတီ တာဝန်ရှိ ပူးပေါင်းအဖွဲ့သည် ယနေ့နံနက် ၇နာရီက နှာခေါင်းစည်း (Mask) တပ်ဆင်သွား လာရေး အသိပညာပေး လုပ်ငန်းကို အများပြည်သူ သွားလာလှုပ်ရှားများသည့် နေရာ၌ ကွင်းဆင်း ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
Jan 13,2022
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုများကို ထိန်းချုပ်နိုင်ရန်အတွက် ကာကွယ်ဆေးမထိုးနှံရသေးသည့် အသက်(၄၀) နှစ်နှင့်အထက် ပြည်သူများအား ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့နံနက် ၉ နာရီက ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ် အမှတ်(၁၆)ရပ်ကွက်မြို့ဦးစေတီ၊ (၃၈)ရပ်ကွက်ရှိ မင်္ဂလာအေး ကျောင်းတိုက်၊ (၄၇) ရပ်ကွက်ဓမ္မာရုံတို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက် ထိုးနှံဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
Jan 13,2022
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့တွင် ယနေ့နံနက်တွင် ကိုဗစ်-၁၉ ရောဂါ၏ ဗီဇပြောင်းမျိုးကွဲတစ်မျိုးဖြစ်သည့် အိုမီခရွန်ရောဂါပိုး ကြိုတင်ကာကွယ် နိုင်ရေးအတွက် လိုက်နာသင့်သည့် နည်းလမ်းများကို ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး နည်းလမ်းများနှင့်အညီ အသိပေး နှိုးဆော်ခဲ့ကြောင်း သိရသည်။
Jan 13,2022
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့ မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန Community Centre ရုံးခန်း၌ ယနေ့နံနက် (၉) နာရီအချိန်ခန့်က ပီတိ (ပေကြီး) ရေးသား သောပြည်သူတွေကို သိစေချင်တဲ့ ပြည်သူ့နိတိ အခြေခံသိစရာများ စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ပြုလုပ်ဆောင်ရွက်ခဲ့ ပါသည်။