အမြို့မြို့အနယ်နယ်သတင်းများ

Jan 13,2022
ကရင်ပြည်နယ်၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသည် ပြည်သူများ၏ လူနေမှုဘဝ သွားလာရေးအဆင်ပြေစေရန် ရည်ရွယ်၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ ပိုင်ကျုံမြို့ ညာမရော-ဖားကပ် (၄) မိုင် လမ်းပေါ်တွင် Box Culvert (၅)ခု တည်ဆောက်ခြင်းလုပ်ငန်းကို နိုဝင်ဘာလ (၁၁) ရက်နေ့တွင် စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ ယနေ့တွင် (၅၀) ရာခိုင်နှုန်းခန့်ထိ ဆောင်ရွက် ပြီးစီးနေပြီးဖြစ်ကြောင်း သိရသည်။
Jan 13,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမတွင် ယမန်နေ့ မွန်းလွဲ (၁)နာရီအချိန်က စားသုံးသူရေးရာ အသိပညာပေး Talk Show အစီအစဉ် ကျင်းပပြုလုပ်ခဲ့သည်။
Jan 13,2022
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် ကိုဗစ်-၁၉ကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံပြီး စီးမှု(၆)လနှင့်အထက်ရှိပြီးသော ကျန်းမာရေးဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ၊ နိုင်ငံ့ဝန်ထမ်းများ (ပညာရေး ဆရာ/ဆရာမများ) အသက်၅၀နှစ်နှင့်အထက်ရှိသော အခြားနိုင်ငံ့ ဝန်ထမ်းများ၊ အသက်၆၅နှစ်နှင့် အထက်ပြည် သူများအား ကိုဗစ်-၁၉ ရောဂါထပ်ဆောင်းကာကွယ် ဆေး(Booster dose)ထိုးနှံရေး လုပ်ငန်းညှိနှိုင်း အစည်း အဝေးကို ယမန်နေ့ နေ့လယ်၂နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနအစည်း အဝေးခန်းမ ၌ကျင်းပပြုလုပ်ခဲ့သည်။
Jan 13,2022
မကွေးတိုင်းဒေသကြီး မင်းဘူး(စကု)မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေးခန်းမတွင် ဇန်နဝါရီ ၁၂ ရက် နံနက် ၁၁ နာရီအချိန်က စည်ပင်ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်တစ်ဦး ရွေးချယ်ပွဲကျင်းပခဲ့ကြောင်း သိရသည်။
Jan 13,2022
ကရင်ပြည်နယ်၊ ဘောဂလိမြို့၊ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများအသိပညာဗဟုသုတများ  ရရှိစေရန်အတွက်  ဌာန၏ လုပ်ငန်းကဏ္ဍမျိုးစုံ  ဆောင်ရွက်လျက်ရှိရာ မူးယစ်ဆေးဝါးဆိုင်ရာ ဆိုးကျိုးများအကြောင်းကို နံရံကပ်စာစောင်ပြုလုပ်၍  ပြည်သူများ အလွယ်တကူ ကြည့်ရှုလေ့လာနိုင်ရန်  ဌာနပိုင်မြေစိုက်နံကပ်ပြဘုတ်တွင် ယမန်နေ့ မွန်းလွဲပိုင်းက စတင်၍ ကပ်ထားပြသခဲ့သည်။
Jan 13,2022
 မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ အုပ်စုများ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုး စုရပ်(၅)နေရာထားရှိပြီး ဆေးထိုးအဖွဲ့(၅)ဖွဲ့ဖြင့် ဦးတည်အုပ်စု အလိုက် ပဉ္စမအသုတ် ဒုတိယအကြိမ် ကာကွယ်ဆေး ထိုးနှံခြင်းကို   ယမန်နေ့က ဆောင်ရွက်ခဲ့ကြောင်း မြို့နယ် ကိုဗစ်ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီထံမှ သိရသည်။