ဒဂုံမြို့သစ်(အရှေ့ပိုင်း) ဒေါက်တာဦးလှကြည်မြို့နယ်တွင် စာရေးဆရာ (ကလေးကျန်းမာရေး) ၏ ''ကလေးကျန်းမာဖွံ့ဖြိုးရေးနိုင်ငံ တိုးတက်မှုနှင့် ခဲဆိပ်အန္တရာယ်'' စာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပ 

ဒဂုံအရှေ့ ဇန်နဝါရီ ၁၃

ပြည်သူများစာဖတ်သည့် အလေ့အကျင့်မှ အလေ့အထကောင်းများ ဖြစ်ပေါ်လာစေရန်နှင့် အသိဉာဏ်ပညာ တိုးတက်မြင့်မားလာပြီး အကောင်း၊ အဆိုး၊ အမှား၊ အမှန်ဝေဖန်သုံးသပ်နိုင် စေရန်နှင့် ပြောဆိုဆွေးနွေးတတ်သည့် အလေ့အထများ ရရှိစေရန် ရည်ရွယ်၍ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမတွင် စာရေးဆရာဒေါက်တာ ဦးလှကြည် (ကလေးကျန်းမာရေး) ရေးသားသည့် “ကလေး ကျန်းမာဖွံ့ဖြိုးရေး နိုင်ငံတိုးတက်မှုနှင့်ခဲဆိပ်အန္တရာယ်” စာအုပ်ဖြင့် ယနေ့ မွန်းလွဲ ၃ နာရီက  စာဖတ်ဝိုင်းကျင်းပ ဆောင်ရွက်ခဲ့သည်။

အဆိုပါ စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ကစာဖတ်ဝိုင်းဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်ကို ပြောကြားပြီး စာပေချစ်မြတ်နိုးသူ  ဦးကျော်ဖြိုးကိုက ဆွေးနွေးရာတွင် လူ၏ခန္ဓာကိုယ်အတွင်းသို့ ခဲဆိပ်ဝင်ခြင်း၊ အစာလမ်း ကြောင်းမှ ခဲဆိပ်ဝင်ခြင်း၊ ပါးစပ်ထဲသို့ပြင်ပမှ မတော်တဆဝင်လာသော ခဲ၊ ခဲပါသော အိမ်သုတ် ဆေးများ၊ ပန်းချီဆေးများ၊ ကလေးကစားစရာများ၊ မိမိကိုယ်မိမိ ခဲဆိပ်အန္တရာယ်မှ ကာကွယ် ခြင်း၊ မိသားစုဝင်များ၊ ရင်သွေးငယ်များကို ခဲဆိပ်အန္တရာယ်မှ ကာကွယ်ခြင်း စသည်ဖြင့် အသေးစိတ်ဆွေးနွေးပြောကြားခဲ့ပြီး တက်ရောက်လာသော စာပေချစ်မြတ်နိုးသူများမှ အပြန် အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အေးမဉ္ဇူ