အမြို့မြို့အနယ်နယ်သတင်းများ

Jan 13,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု လျော့ကျစေရန်၊ ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန် (Omicron) ရောဂါပိုး ကြိုတင် ကာကွယ်ရေး ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေးအတွက် အမာမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနမှ ယနေ့နံနက် ၉ နာရီ ၃၀ မိနစ်က မြို့ပေါ်ရပ်ကွက်များနှင့်အနီးရှိ‌ ကျေးရွာများအတွင်း လှည့်လည်ကြေညာခဲ့ကြ သည်။
Jan 13,2022
စာပေချစ်မြတ်နိုးသူ ပြည်သူများအနေဖြင့် စာပေဗဟုသုတရရှိစေရန် ရည်ရွယ်၍ ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘောဂလိမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်တွင် Online မှတစ်ဆင့် အသိပညာပေးအစီအစဉ်များကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက် (၉) နာရီခွဲအချိန်က ပုံပြော၊ ကဗျာရွတ်ဖတ်ခြင်းအစီအစဉ်ကို တင်ဆက်ပေးခဲ့ကြောင်း သိရ သည်။
Jan 13,2022
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ဖာပွန်မြို့တွင် ကိုဗစ်-၁၉ဗီဇပြောင်းမျိုးကွဲ "အိုမီခရွန်" ရောဂါ ကူးစက် ပြန့်ပွားမှုကို ကာကွယ်တားဆီး ထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေးခြင်းလုပ်ငန်းများကို ဒေသနေပြည်သူများ ကျယ်ကျယ် ပြန့်ပြန့် သိရှိလိုက်နာကြစေရန်အတွက်
Jan 13,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ  ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ရှမ်းရွာသစ်မြို့ ကွီးလေးကျေးရွာအုပ်စု၊ ကွမ်းတောကျေးရွာတွင် ရွာတွင်းကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းကို ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
Jan 13,2022
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် ''လူမှုဘဝပြည့်စုံစေဖို့ နိုင်ငံသားကတ်ကိုင်ကြစို့ ''ဆောင်ပုဒ်နှင့်အညီ ရပ်ကွက်/ ကျေးရွာများရှိ မိဘပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြား၏ တန်ဖိုးနှင့် လူမှုဘဝလုပ်ဆောင်မှု ကိစ္စရပ်များ ဆောင်ရွက်တိုင်း အသုံးဝင်မှုကို ပြည်သူလူထုမှ ကျယ်ကျယ်ပြန့်ပြန့် သိရှိဆောင်ရွက်နိုင်ရန် ပြည်သူများထံ အသိပညာပေး စည်းရုံးဟောပြောခြင်းကို မြို့နယ်ဦးစီးမှူး ဦးခင်မောင်ထွန်းမှ ပြောကြားခဲ့ပြီး ယမန်နေ့နံနက်(၁၀)နာရီအချိန်၌ အမှတ်(၁၅)ရပ်ကွက် ဓမ္မာရုံတွင် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက် ပေးခဲ့သည်။
Jan 13,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်အတွင်း၌ ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန်(Omicron) ရောဂါ ကူးစက်ပျံ့နှံ့မှုမှ ကြိုတင်ကာကွယ်နိုင်ရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူးနှင့် ဝန်ထမ်းများက ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန်(Omicron) ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး နှိုးဆော်ချက်များကို ယနေ့နံနက် ၁၁ နာရီ အချိန်က မြို့ပေါ်ရပ်ကွက်များတွင် လှည့်လည်အသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။
Jan 13,2022
(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အကြို အသိပညာပေး ဟောပြောခြင်းကို ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဌာနနှင့် အခြေခံ ပညာဦးစီးဌာနတို့ ပူးပေါင်း၍ ယနေ့ နံနက်ပိုင်းက  ပြန်ကြားရေးနှင့်  ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့သည်။