အမြို့မြို့အနယ်နယ်သတင်းများ

Jan 13,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်မီးသတ် တပ်ဖွဲ့တို့ပူးပေါင်းပြီး မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေး ( Talk Show) အစီအစဉ်ကို ဇန်နဝါရီလ ၁၂ ရက် မွန်းလွှဲ ၁ နာရီက လူထုအခြေပြုဗဟိုဌာနတွင် ဆောင်ရွက်ခဲ့သည်။
Jan 13,2022
စစ်ကိုင်းတိုင်းဒေသကြီး သစ်တောစိုက်ခင်းတည်ထောင်ခြင်းနှင့် ပျိုးဥယျာဉ်သင်တန်း ဖွင့်ပွဲအခမ်းအနားကို ဇန်နဝါရီလ(၁၂) ရက်နေ့ နံနက်ပိုင်းက မုံရွာမြို့၊ မြို့နယ်သစ်တော ဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး ဥပဒေချုပ်၊ မုံရွာခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ သင်တန်းသားများ တက်ရောက်ကြသည်။
Jan 13,2022
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့ မြို့မရပ်ကွက်ဓါတ်တော်ဓမ္မာရုံတွင် မင်းဘူးခရိုင် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများမှ မြို့နယ်အတွင်းရှိ ဒေသခံပြည် သူများ၏ လိုအပ်ချက်များဆောင်ရွက်ပေးနိုင်ရေးအတွက် တွေ့ဆုံဆွေးနွေးပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၂ နာရီခွဲအချိန်က ကျင်းပပြုလုပ်သည်။
Jan 13,2022
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ဗီဇပြောင်းမျိုးကွဲ အိုမီခရွန်ရောဂါ ကူးစက်ပြန့်ပွားမှုကို ကာကွယ်တားဆီး ထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေးခြင်းလုပ်ငန်းများကို ဒေသနေပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာကြစေရန်အတွက် အသိပညာပေး နှိုးဆော်မှုလုပ်ငန်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ယမန်နေ့က ညောင်ဝိုင်းကျေးရွာအုပ်စု ဖိုးတောင်ရိုးကျေးရွာ၊ ရန်အောင် ကျေးရွာ၊ မင်းလမ်းကျေးရွာတို့တွင် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
Jan 13,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် မိုးကုတ်ဝိပဿနာအဖွဲ့ခွဲ အမှတ်စဉ်(၂၉) ၌ မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးရန် ကျန်ရှိသူများကို တာဝန်ရှိသူများက ယမန်နေ့က ဆက်လက်၍ ဒုတိယအကြိမ်မြောက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
Jan 13,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနသည် မြို့နယ်အတွင်း စာပေချစ်မြတ်နိုးတန်ဖိုးထားသူများ ပိုမိုတိုးပွားလာစေရန်နှင့် ပြည်သူများအနေဖြင့် စာပေမှရသော အသိအမြင်ဗဟုသုတများကို အသုံးချနိုင်စေရန် ရည်ရွယ်၍ စာအုပ်စာစောင် ချစ်မြတ်နိုးသူ Youth Club အဖွဲ့ဝင်များနှင့် ပူးပေါင်း၍ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ စာဖတ်ဝိုင်း ဆွေးနွေးပွဲကို ယနေ့နံနက် (၁၀)နာရီက ပြုလုပ်ခဲ့သည်။