Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ဗဟန်းမြို့နယ်၌ ဒေသခံပြည်သူများ ကိုဗစ်-၁၉ ရောဂါကင်းဝေးစေရန် ကာကွယ်ဆေးများ ဆက်လက်ထိုးနှံ ပေးလျက်ရှိ
Jan 13,2022
ရန်ကုန်အနောက်ပိုင်းခရိုင်၊ ဗဟန်းမြို့နယ်အတွင်း၊ ဒေသခံပြည်သူများ ကိုဗစ်-၁၉ ရောဂါကင်းဝေးစေရန်နှင့် ကိုဗစ်-၁၉ရောဂါဖြစ်ပွားမှုများကို ဆက်လက်ကာကွယ် ထိန်းချုပ် နိုင်ရန်အတွက်၊ ကာကွယ်ဆေးများကို ပြည်သူများအား ဒုတိယအကြိမ်ကာကွယ်ဆေး ထိုးနှံပေးခြင်းလုပ်ငန်းနှင့် အသက် ၁၈ နှစ်နှင့် အထက်ပြည်သူများအား ပထမအကြိမ် ကာကွယ်ဆေး ထိုးနှံပေးခြင်း လုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိရာ၊ ကာကွယ်ဆေး ထိုးနှံရာတွင် အကြောင်းအမျိုးမျိုးကြောင့် ကျန်ရှိနေကြသည့် နိုင်ငံဝန်ထမ်းများနှင့် ဝန်ထမ်း မိသားစုဝင်များ၊ စေတနာ့ဝန်ထမ်းများနှင့် အများပြည်သူများအား ကာကွယ်ဆေးထိုးနှံ ပေးခြင်းကို ဗဟန်းမြို့နယ်၊ ကြားတောရလမ်းရှိမဂ်လာစျေး ဓမ္မာရုံနှင့် သိမ်ကြီးစျေးဓမ္မာရုံ တို့တွင်၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံဆောင်ရွက်ပေးလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
ဒေါပုံမြို့နယ် အောင်ချမ်းသာရပ်ကွက်သို့ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆက်လက်ကွင်းဆင်းဆောင်ရွက်
Jan 13,2022
"လူနေမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့" ပန်းခင်းစီမံချက်ဖြင့် မြို့နယ်အတွင်းရှိ ပြည်သူ များအား နိုင်ငံသားကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်းကို ရပ်ကွက်များအရောက် နေ့စဉ်ကွင်းဆင်း၍ ဆောင်ရွက်ပေးလျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒေါပုံမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ ယမန်နေ့ နံနက် ၁၀ နာရီ အချိန်က မြို့နယ်ဦးစီအရာရှိ ဦးမိုးကျော်သူညွန့်နှင့် ဝန်ထမ်းများသည် ပန်းခင်းစီမံချက်ဖြင့် ရပ်ကွက်များအတွင်းသို့ ကွင်းဆင်း၍ နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ပြုလုပ်ဆောင်ရွက်ပေး ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ထန်းတပင်မြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် ကျောင်းသား၊ ကျောင်းသူ(၃၀၄)ဦးတို့အား နိုင်ငံသားစိစစ်ရေး ကတ်ပြားများ (အခမဲ့) နေ့ချင်းပြီး ဆောင်ရွက်ပေး
Jan 13,2022
ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား မရှိသေးသည့် ရပ်ကွက်၊ ကျေးရွာနေပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံသားစိ စစ်ရေးကတ်ပြားများကို (အခမဲ့) ရပ်ကွက်၊ ကျေးရွာအုပ်စုများနှင့် အခြေခံပညာကျောင်းများ အရောက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ကွင်းဆင်း ပြုလုပ်ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက အ.ထ.က (ကျူတော)၊ အ.ထ.က (ခွဲ)အတွင်းရေကျော်နှင့် အ.ထ.က(ခွဲ)ကျိုက္ခနာ အခြေခံပညာကျောင်း (၃)ကျောင်းတို့ရှိ ကျောင်းသား၊ ကျောင်းသူ(၃၀၄)ဦးတို့အား နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို နေ့ချင်းပြီး ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းပျဉ်းမြို့ လူထုအခြေပြုဟိုဌာနတွင် စာဖတ်ဝိုင်းကျင်းပ
Jan 13,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ မိုင်းပျဉ်းမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာနရှိ (Community Center) ခန်းမတွင် ယမန်နေ့က ဆရာဦးအောင်သင်း၏ ပညာသာလျှင်နှင့် သစ်လွင်အတွေး ဆောင်းပါးစာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မရမ်းကုန်းမြို့နယ် အမှတ်(၆)ရပ်ကွက်ရှိ ပြည်သူများအား ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးနိုင်ရေး ကွင်းဆင်း…
Jan 13,2022
ရန်ကုန်အနောက်ပိုင်းခရိုင်၊ မရမ်းကုန်းမြို့နယ် အမှတ်(၆) ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ ယမန်နေ့ နံနက် (၉:၀၀) နာရီအချိန်က ပြည်သူများအား ပန်းခင်းစီမံချက်ဖြင့် တိုင်းရင်းသား/ဥပဒေအရ နိုင်ငံသားများအား ဥပဒေနှင့်အညီ အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သော ကတ်တစ်မျိူးမျိုး ထုတ်ပေးနိုင်ရေး ဆောင်ရွက်ပေးခြင်းကို လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးခင်မောင်သန်းက ကြီးကြပ် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
ရွှေဘိုမြို့နယ်တွင် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ဖိနပ်ချုပ်သင်တန်းဖွင့်လှစ်
Jan 13,2022
အပြည့်အစုံ ဖတ်ရန်
အလုံမြို့နယ်၌ အသက်(၁၈) နှစ် အထက် ရပ်ကွက်နေ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Covishield) (ပထမအကြိမ်) ထိုးနှံခြင်းများဆောင်ရွက်
Jan 13,2022
ရန်ကုန်အနောက်ပိုင်းခရိုင်၊ အလုံမြို့နယ် အ.ထ.က(၄) ကျောင်းရှိ သီရိရတနာခန်းမတွင် ယနေ့ နံနက် (၉)အချိန်က အသက်(၁၈)နှစ်အထက် ရက်ကွက်နေပြည်သူများအား (ပထမအကြိမ်) ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Covidshield) ထိုးနှံခြင်းကို ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရန်ကင်းမြို့နယ်တွင် အသက်(၁၆)နှစ်နှင့်အထက်ပြည်သူများ မှတ်ပုံတင်ကတ်ပြား ပြုလုပ်ရန် မကျန်ရှိစေရေး ရပ်ကွက်းများအတွင်း ကွင်းဆင်းစိစစ်ခြင်းဆောင်ရွက်
Jan 13,2022
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများအား မေလ(၃)ရက်နေ့မှ စတင်၍ ရပ်ကွက် များအတွင်း သတ်မှတ်နေရာများအလိုက်ကွင်း ဆင်းဆောင်ရွက်ပေးလျှက်ရှိရာ ယနေ့နံနက်ပိုင်းက အမှတ်(၄)ရပ်ကွက် မြို့မစာကြည့်တိုက်တွင် ရပ်ကွက်အတွင်းနေ အသက်(၁၆) နှစ်နှင့်အထက် ပြည်သူများ မှတ်ပုံတင်ကတ်ပြုလုပ်ရန် မကျန်ရှိစေရေးအတွက် မြို့နယ် လ.ဝ.က ဦးစီးမှူး ဦးသိန်းမောင်နှင့် ဝန်ထမ်းများက ကွင်းဆင်း၍ စိစစ်ဆောင်ရွက် ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
23056
Page
23057
Page
23058
Page
23059
Current page
23060
Page
23061
Page
23062
Page
23063
Page
23064
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department