အင်ဂျန်းယန် ဇန်နဝါရီ ၁၃
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ အင်ဂျန်းယန်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းကို မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့၏အနီးကပ်ကြီးကြပ်မှုဖြင့် နယ်မြေဒေသ အခြေအနေအရ မြစ်ကြီးနားမြို့နယ်၊ ပလနကျေးရွာအုပ်စု၊ ပိတောက်မြိုင်ကျေးရွာ၊ စိန့်ဂျိုးဇက် အသင်းတော် (IDP Camp)တွင် နေထိုင်လျက်ရှိသော အင်ဂျန်းယန်မြို့နယ်ဒေသမှ ပြည်သူများအား ယနေ့နံနက် ၉ နာရီ ၃၀ မိနစ်မှစတင်၍ ကိုဗစ်- ၁၉ရောဂါ ကာကွယ်ဆေး (ဒုတိယအကြိမ်) ထိုးနှံပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး(ဒုတိယအကြိမ်)ထိုးခြင်းလုပ်ငန်းကို မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌမြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲရင့်လှိုင်၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ(တာဝန်ပေး) ဦးကျော်စိုးနိုင်၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန အင်ဂျန်းယန်မြို့နယ် ဦးစီးမှူး ဦးထွန်းထွန်းအောင်နှင့် မြိုနယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်း (၅)ဦးက Phase-5 (Second Dose) ထိုးနှံရန်အတွက် ရရှိသည့် Sinopharm (2 Doses/ 1 Vial) (၅၀)လုံး အသုံးပြု၍ (ပလန)စိန့်ဂျိုးဇက်အသင်းတော် (IDP Camp)တွင် နေထိုင်သည့် အင်ဂျန်းယန်မြို့နယ်မှ ပြည်သူ ကျား(၄၄)ဦး၊ မ(၅၆)ဦး၊ စုစုပေါင်း (၁၀၀)ဦးအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ကြောင်း သိရှိရသည်။
ကျော်စိုးနိုင်(မြို့နယ်ပြန်/ဆက်)