မိုင်းငေါ့ ဇန်နဝါရီ ၁၃
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့ မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန Community Centre ရုံးခန်း၌ ယနေ့နံနက် (၉) နာရီအချိန်ခန့်က ပီတိ (ပေကြီး) ရေးသား သောပြည်သူတွေကို သိစေချင်တဲ့ ပြည်သူ့နိတိ အခြေခံသိစရာများ စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ပြုလုပ်ဆောင်ရွက်ခဲ့ ပါသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်မြင့်မြင့်သွယ် က စာဖတ်ဝိုင်း ပြုလုပ်ရခြင်းကြောင့် စာပေဖတ်ရှုသည့် အလေ့အကျင့် ကောင်းများ ရရှိစေရန်၊ စာပေအကြောင်းအရာများကို ဖလှယ်နိုင်စေရန်၊ စာပေဖတ်ရှုခြင်းဖြင့်အသိပညာ ဗဟုသုတများ တိုးပွားစေရန် စသည့် ရည်ရွယ်ချက်များဖြင့် စာဖတ်ဝိုင်းကို ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
ထို့နောက် (Youth Club) အသင်းမှ နန်းသန်းရီက စည်းကမ်းလိုက်နာပါ၊ နန်းလောင်(ဝ်)လိန်က သန့်သန့် ရှင်းရှင်းနေပါ၊ နန်းအေးအုံက တာဝန်သိပါ၊ မချောကလျာက ချိုသာသော စကားလုံးကိုသာ ရွေးပြောပါ၊ မအေးကြီးက ပျော်ပျော်ရွင်ရွင်နေပါ၊ နန်းခမ်းဖောင်က တာဝန်ကျေအောင် ထမ်းဆောင်ပါ စသည့် ခေါင်းစဉ် အသီးသီးတို့ကို ဖတ်ကြားခဲ့ကြပြီး စာအုပ်ပါ အကြောင်းအရာများကိုတစ်ဦးနှင့်တစ်ဦး အပြန်အလန် ဆွေးနွေးခဲ့ကြပြီး စာဖတ်ဝိုင်းကို တစ်လလျှင် (၁)ကြိမ် ပြုလုပ်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရပါသည်။
မြင့်သွယ်