လင်းခေးတွင် ကိုဗစ်၁၉-ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး အထောက်အကူပြု အများပြည်သူတို့ Mask တပ်ဆင်သွားလာစေရေး အသိပညာပေး လုပ်ငန်းဆောင်ရွက်

လင်းခေး ဇန်နဝါရီ ၁၃

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ လင်းခေးမြို့တွင် မြို့နယ်ကိုဗစ်ကော်မတီ တာဝန်ရှိ ပူးပေါင်းအဖွဲ့သည် ယနေ့နံနက် ၇နာရီက နှာခေါင်းစည်း (Mask) တပ်ဆင်သွား လာရေး အသိပညာပေး လုပ်ငန်းကို အများပြည်သူ သွားလာလှုပ်ရှားများသည့် နေရာ၌ ကွင်းဆင်း ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

အဆိုပါ အဖွဲ့တွင် မြို့နယ်မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင် သာယာရေးဌာန၊ မြို့နယ်မီးသတ်တပ်ဖွဲ့၊ မြို့နယ်ယာဉ်ထိန်းတပ်ဖွဲ့၊ မြို့နယ် "နမ့်ခုံး" ရှမ်းများ ပရဟိတအသင်း(ခွဲ) (လင်းခေး)နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပါဝင်သည်။

ပူးပေါင်းအဖွဲ့သည် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး အထောက်အကူပြု အများပြည်သူတို့ နှာခေါင်းစည်း Mask တပ်ဆင်သွားလာစေရေး အသိပညာပေး ဟောပြောပေးခြင်း နှင့် တပ်ဆင်ထားခြင်းမရှိသူ ပြည်သူ(၁၆)ဦးအား Mask(၃)ခုလျှင် ကျပ် ၁၀၀ဝိ နှုန်းဖြင့် ချက်ချင်းဝယ်ချက်ချင်းတပ်စနစ်ကို ယနေ့နံနက် ၇နာရီမှ ၈နာရီခွဲအထိ လင်းခေးမြို့ တောင်ရွာရပ် (ယာယီပျံကျဈေးလမ်းဆုံ) နေရာ၌ ပူးပေါင်းဆောင်ရွက်ခဲ့ကြခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

စိုင်းဇော်လတ်