ခင်ဦးမြို့၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေး (Talk Show) အစီအစဉ်ဆောင်ရွက်

ခင်ဦး ၊ ဇန်နဝါရီ ၁၃

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်မီးသတ် တပ်ဖွဲ့တို့ပူးပေါင်းပြီး မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေး ( Talk Show) အစီအစဉ်ကို ဇန်နဝါရီလ ၁၂ ရက် မွန်းလွှဲ ၁ နာရီက လူထုအခြေပြုဗဟိုဌာနတွင် ဆောင်ရွက်ခဲ့သည်။

အဆိုပါ အသိပညာပေး ( Talk Show) အစီအစဉ်တွင် မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်သူခက မီးသတ်ဦးစီးဌာန၏ ရည်မှန်းချက် တာဝန်(၄)ရပ်ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း၊ မီးသုံးစွဲရာတွင် လိုက်နာရမည့်အချက်များ၊ မီးငြိမ်း သတ်ရာတွင် ဆောင်ရွက်ရမည့်အချက်များ စသည့်မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး နည်းလမ်းများကို ဆွေးနွေးခဲ့ကြောင်းသိရသည်။

စိုးဝေအောင်(ခင်ဦး)

မြို့နယ်ပြန်/ဆက်