ရသေ့တောင် ဇန်နဝါရီ ၁၃
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်၌ သတ်မှတ်ဉီးတည်အုပ်စုများတွင်ပါဝင်သည့် ဒေသခံပြည်သူများ အား ကိုဗစ် -၁၉ ရောဂါကာကွယ်ဆေး Phase Vi first does နှင့် Phase V Second does အား ဇန်နဝါရီ ၁၄ ရက်နေ့မှစ၍ သတ်မှတ်စုရပ်အသီးသီး၌ စတင်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ထိုသို့ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းအား မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေး ကော်မတီ၏ ကြီးကြပ်မှုဖြင့် သတ်မှတ်ဆေးထိုးစု ရပ်များဖြစ် သည့် မေယုခန်းမ၊ စေတီပြင် ကျေးရွာ၊ လက်ပံပင်ရင်းကျေးရွာ၊ လမုန်းတိုင်ကျေးရွာ၊ ကူတောင်ကျေးရွာနှင့် ဘာထလေ ကျေးရွာ တို့တွင် အသက်(၆၅)နှစ် အထက်သက်ကြီးရွယ်အိုများ၊ နိုင်ငံ့ဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ပညာရေးဌာန ဆရာ၊ ဆရာမများ၊ ကျန်းမာရေးဝန်ထမ်းများအား Covidshild vi ပထမအကြိမ်နှင့် Sinovic v ဒုတိယအကြိမ်အဖြစ် ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အောင်စံထွန်း(ပြန်/ဆက်)