ငဖဲမြို့တွင် မင်းဘူးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာန ဆိုင်ရာအကြီး အကဲများနှင့် ဒေသခံပြည်သူများတွေ့ဆုံပွဲကျင်းပ

ငဖဲ ဇန်နဝါရီ ၁၃

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့ မြို့မရပ်ကွက်ဓါတ်တော်ဓမ္မာရုံတွင် မင်းဘူးခရိုင် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများမှ မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ၏ လိုအပ်ချက်များဆောင်ရွက်ပေးနိုင်ရေးအတွက် တွေ့ဆုံဆွေးနွေးပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၂ နာရီခွဲအချိန်က ကျင်းပပြုလုပ်သည်။

တွေ့ဆုံပွဲတွင် မင်းဘူးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူးဦးထွန်းထွန်းဝင်း က ရပ်ရွာဒေသအေးချမ်းသာယာပါမှ ပြည်သူများ၏လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက် မည် ဖြစ်ကြောင်း၊ ရပ်ရွာများ တည်ငြိမ်အေးချမ်းရေးအတွက် ဌာနဆိုင်ရာများနှင့် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေး ကြရန်၊ အဖျက်အမှောင့်သတင်းများရရှိပါရန် သက်ဆိုင်ရာသို့ သတင်းပေးတိုင်ကြားရန်၊ အိုမီခရွန် ကိုဗစ်-၁၉ ရောဂါပိုးမြန်မာနိုင်ငံတွင်ဖြစ်ပွား နေမှုတွေ့ရှိရ၍ ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များကို လိုက်နာဆောင် ရွက်ကြရန်၊ ကာကွယ်ဆေးများအကြိမ်ပြည့်ထိုးနှံပြီးပါက ပြီးစီးကြောင်း လက်မှတ်ရယူ ထားရန်နှင့် ကာကွယ်ဆေးမထိုးနှံရသေးသူရှိပါကလည်း ထိုးနှံနိုင်ရေး အသိပညာပေး ပြောကြား ပေးရန်ဆွေးနွေးပြောကြား၍ မင်းဘူးခရိုင်မီးသတ်ဦးစီးဌာန ဦးစီးမှူးဦး ထွန်းထွန်းက ပွင့်လင်းရာသီရောက် ရှိလာပြီဖြစ်၍ ဒေသခံပြည်သူများအနေဖြင့် မီးဘေး လုံခြုံရေး၊ မီးဘေးကာကွယ်ရေး အထူးသတိရှိကြရန် ဆွေးနွေးပြောကြားပြီး တက်ရောက်လာသည့်ပြည် သူများက သိရှိလိုသည်များကို ဆွေးနွေး တင်ပြနိုင်ကြောင်း ပြောကြားသည်။

ထို့နောက် ငဖဲမြို့မရပ်ကွက်မှ ဦးစိုးသိန်း(ရပ်မိရပ်ဖ) က ငဖဲ-ရွှေစက်တော်သွားကားလမ်း အသစ်ကို ရေရှည်အသုံးပြုနိုင်ရေး၊ ပြည်သူများအဆင်ပြေလွယ်ကူချောမွေ့စွာ သွားလာ နိုင်ရေးအတွက် ပြန်လည်၍ ပြုပြင်ဖောက်လုပ်ပေးရန်၊ ဦးစိန်မြင့်အောင်(ရပ်မိရပ်ဖ)က မန်းချောင်းရေကာတာတွင် ကျန်ရှိနေသည့် အပိုင်းအားရေကာ တာဆောင် ရွက်နိုင်ရေးနှင့် ကြံ့ခိုင်ကောင်းမွန်သောမီးသတ်ကား အသစ်တစ်စီးချထားပေးနိုင်ရေးတို့ကို တင်ပြဆွေးနွေးရာမင်းဘူးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများက ပြန်လည်၍ညှိနှိုင်းပေါင်းစပ်ဆွေးနွေးပြောကြားခဲ့ကြောင်းသိရသည်။

မယု(ငဖဲ)