အိမ်မဲမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပြီးသူ (၉၉၀၆၄)ဦးရှိပြီဖြစ်

အိမ်မဲ   ဇန်နဝါရီ   ၁၃

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် မိုးကုတ်ဝိပဿနာအဖွဲ့ခွဲ အမှတ်စဉ်(၂၉) ၌ မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးရန် ကျန်ရှိသူများကို တာဝန်ရှိသူများက ယမန်နေ့က ဆက်လက်၍ ဒုတိယအကြိမ်မြောက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို ထိုးနှံပေးရာ၌ ယနေ့နံနက်ပိုင်းတွင် သဖန်းပင်ဆိပ် ကျေးရွာ၊ ချောင်းဖျားကျေးရွာ၊ စာဖြူဆိပ်ကျေးရွာ၊ ခတ္ထိယကျေးရွာနှင့် နေ့လယ်ပိုင်းတွင် သရက်ပင်ကွင်းကျေးရွာ၊ အိမ်မဲကြီးရပ်ကွက်၊ ညောင်ငူကျေးရွာ၊ အိုင်ကြီးကျေးရွာတို့မှ ပြည်သူ များအား ထိုးနှံပေးသွားမည်ဖြစ်ကြောင် သိရသည်။

အိမ်မဲမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများထိုးရန်ရှိသူ လျာထားဦးရေ (၁၆၂၆၂၆) ဦးရှိပြီး ယနေ့အထိ ကာကွယ်ဆေးထိုးပြီးသူ (၉၉၀၆၄) ဦးရှိသောကြောင့် ရာခိုင်နှုန်းအားဖြင့် (၆၁)ရာခိုင်နှုန်းရှိကြောင်း မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုန့်ပြန်ရေးကော်မတီ ထံမှသိရသည်။

အဆိုပါ ဆေးထိုးစုရပ်၌ ကိုဗစ်ကာကွယ်ဆေးထိုး လုပ်ငန်းစဉ်များတွင် ကိုဗစ်-၁၉ ထိန်းချုပ်ရေး နှင့်အရေးပေါ်တုန့်ပြန်ရေးကော်မတီ၊ ဌာနဆိုင်ရာများ၊ ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ကြက် ခြေနီသူနာပြုတပ်ဖွဲ့၊ လူမှုရေးအသင်းအဖွဲ့များ တာဝန်ရှိသူများက ကာကွယ်ဆေးထိုး နှံရာ၌အဆင်ပြေချောမွေ့စေရေးအတွက် ပါဝင်ကူညီဆောင်ရွက်ပေးနေကြကြောင်း သိရသည်

ချစ်သက်လယ်(အိမ်မဲ ပြန်/ဆက်)