မင်းလှမြိုနယ်တွင်ကိုဗစ်-၁၉ရောဂါကာကွယ် ဆေး(Booster dose)ထိုးနှံရေး လုပ်ငန်း ညှိနှိုင်း အစည်းအဝေးကျင်းပ

အထက်မင်းလှ    ဇန်နဝါရီ  ၁၃

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် ကိုဗစ်-၁၉ကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံပြီး စီးမှု(၆)လနှင့်အထက်ရှိပြီးသော ကျန်းမာရေးဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ၊ နိုင်ငံ့ဝန်ထမ်းများ (ပညာရေး ဆရာ/ဆရာမများ) အသက်၅၀နှစ်နှင့်အထက်ရှိသော အခြားနိုင်ငံ့ ဝန်ထမ်းများ၊ အသက်၆၅နှစ်နှင့် အထက်ပြည် သူများအား ကိုဗစ်-၁၉ ရောဂါထပ်ဆောင်းကာကွယ် ဆေး(Booster dose)ထိုးနှံရေး လုပ်ငန်းညှိနှိုင်း အစည်း အဝေးကို ယမန်နေ့ နေ့လယ်၂နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနအစည်း အဝေးခန်းမ ၌ကျင်းပပြုလုပ်ခဲ့သည်။

အစည်းအဝေးတွင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းထွန်းအောင်က  နိုင်ငံတော် အစိုးရအစီအစဉ်ဖြင့် ကိုဗစ်-၁၉ထပ်ဆောင်းကာကွယ်ဆေး (Booster dose)ကို ကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံပြီးစီး မှု(၆)လနှင့် အထက်ရှိသော ဦးတည်အုပ်စုများအား ထိုးနှံပေးမည်ဖြစ်ပြီး Booster dose ထိုးနှံမည့်သူများအား ပထမ အကြိမ်နှင့်ဒုတိယအကြိမ်ကာကွယ်ဆေး ထိုးနှံပြီးစီးမှု စာရင်းတွင် VMIS တွင်စာရင်းရေးသွင်းပြီး သတ်မှတ် ထုတ်ပေးထားသည့် QR Codeပါသော ဆေးထိုးမှတ် တမ်းပါမှ သာထိုးနှံပေးရန်၊       Booster dose ထိုးနှံရာတွင် စာရင်းကောက်ယူမှုမှာ အခြေခံကျသဖြင့် စာရင်းမှန်ကန်စေရေး အချက်အလက်များမှန်ကန် စေရေး အတွက် မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနနှင့်သက်ဆိုင်ရာဌာနဆိုင်ရာများမှ ပေါင်းစပ်၍ အမြန်စာရင်း ကောက်ယူရန်၊ Booeter dose ထိုးနှံပေးရာတွင် ကျန်းမာ‌ရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာများနှင့် ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများအားလုံးပူးပေါင်း ဆောင်ရွက်သွား ရန်တို့ကို ပြောကြားခဲ့သည်။

ထို့နောက် အစည်းအဝေးတက်ရောက်လာသည့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူး များက Booster dose ထိုးနှံပေးခြင်းနှင့်ပတ်သက်၍ ဆွေးနွေးတင်ပြ ကြရာ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌကလိုအပ်သည်များအား ဖြည့်စွက်ပြောကြားခဲ့ကြောင်း သိရသည်။

 ဇာဇာ(အထက်မင်းလှ)