ဘောဂလိ ဇန်နဝါရီ ၁၃
ကရင်ပြည်နယ်၊ ဘောဂလိမြို့၊ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများအသိပညာဗဟုသုတများ ရရှိစေရန်အတွက် ဌာန၏ လုပ်ငန်းကဏ္ဍမျိုးစုံ ဆောင်ရွက်လျက်ရှိရာ မူးယစ်ဆေးဝါးဆိုင်ရာ ဆိုးကျိုးများအကြောင်းကို နံရံကပ်စာစောင်ပြုလုပ်၍ ပြည်သူများ အလွယ်တကူ ကြည့်ရှုလေ့လာနိုင်ရန် ဌာနပိုင်မြေစိုက်နံကပ်ပြဘုတ်တွင် ယမန်နေ့ မွန်းလွဲပိုင်းက စတင်၍ ကပ်ထားပြသခဲ့သည်။
ထိုသို့ပြသထားရာတွင် မူးယစ်ဆေးဝါးသုံးစွဲသူများ ခံစားနေကြရသည့်ရောဂါများအကြောင်းနှင့် ၎င်းတို့၏မိသားစုဝင်ကိုပင် ကူးစက်နိုင်သည့် ရောဂါများအကြောင်းကို ပြသထားရှိသည်။
ထို့ပြင် မြို့အတွင်း မူးယစ်ဆေးဝါးသုံးစွဲသူများလျှော့နည်းစေရေးနှင့် မူးယစ်ဆေးဝါးကြောင့် နောက်ဆက်တွဲရောဂါများအကြောင်းကို ရှာဖွေစစ်ဆေးပေးလျက်ရှိပြီး အခြားကျန်းမာရေးဆိုင်ရာများတွင် ပါဝင်ကူညီလျက်ရှိသည့် (MANA) အဖွဲ့အစည်းမှ ပေးပို့သော မူးယစ်ဆေးဝါး အစားထိုးတိုက်ကျွေးသည့် “မက်သာဒုံး”ဆေးအကြောင်းသိကောင်းစရာ လက်ကမ်းစာစောင်များကို ပြသထားရှိပြီး လူအများစိတ်ဝင်တစား ကြည့်ရှုလေ့လာလျက်ရှိကြောင်း သိရသည်။
ဘောဂလိ(ပြန်/ဆက်)