ပွင့်ဖြူမြို့နယ်တွင် အသက်(၁၂)နှစ်အထက် ကျောင်းသား/ကျောင်းသူ(၁၀၃၇)ဦးအားပထမအကြိမ်ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေး

ပွင့်ဖြူ      ဇန်နဝါရီ      ၁၃

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်အတွင်းရှိ ကျောင်းသား/ကျောင်းသူများ ပညာသင်ယူမှုအခွင့်အလမ်းများရရှိစေရန်နှင့် ကာကွယ်ဆေးလွှမ်းခြုံမှု အလျင်အမြန်ရရှိစေရေးအတွက် ကိုဗစ်-၁၉ကာကွယ်ဆေး တစ်ကြိမ်မျှမထိုးနှံ ရသေးသည့် အသက်(၁၂)နှစ်အထက် ကျောင်းသား/ကျောင်းသူများကို ဇန်နဝါရီ ၁၂ ရက် ယမန်နေ့နံနက်ပိုင်းက ဆေးထိုးစုရပ်(၇)နေရာတွင် ပထမအကြိမ်ကိုဗစ်၁၉ရောဂါကာကွယ်ဆေးထိုးနှံဆောင်ရွက်ပေးလျက်ရှိကြောင်း ပွင့်ဖြူမြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

အဆိုပါအသက်(၁၂)နှစ်အထက်‌ ကျောင်းသား/ကျောင်းသူများ ကာကွယ်ဆေးထိုးနှံပေးခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ဦးဆောင်မှုဖြင့် ဆေးထိုးစုရပ်(၇)နေရာခွဲ၍ ဆရာ/ဆရာမများနှင့် စေတနာ့ဝန်ထမ်း(Volunteer)အဖွဲ့ဝင်များက စုပေါင်းကူညီဆောင်ရွက်ပေးခဲ့ကြကြောင်းသိရပြီး ယမန်နေ့ကဆေးထိုးစုရပ်(၇)နေရာတွင် ပထမအကြိမ်ကိုဗစ်-၁၉ကာကွယ်ဆေးထိုးနှံသည့် ကျောင်းသား/ကျောင်းသူ(၁၀၃၇)ဦးတို့အား ကျန်းမာရေးဝန်ထမ်းများက သတ်မှတ်စည်းကမ်းချက်များနှင့်အညီ စနစ်တကျထိုးနှံ ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။     ပွင့်ဖြူမြို့နယ်အတွင်း အခြေခံပညာအထက်တန်းကျောင်းနှင့် အလယ်တန်းကျောင်းများမှ တစ်ကြိမ်မျှကာကွယ်ဆေးမထိုးနှံရသေးသည့် ကျောင်းသားကျောင်းသူများနှင့် ဒုတိယအကြိမ်ကာကွယ်ဆေးထိုးနှံရန်ကျန်ရှိသည့် အသက်၁၂နှစ်အထက် ကျောင်းသားကျောင်းသူများကို ဆက်လက်ထိုးနှံဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးအောင်မြတ်ခိုင်ထံမှသိရသည်။       

ခင်ဝါဝါလှိုင် ( ပြန်/ဆက် )