မင်းဘူး(စကု)မြို့နယ်၌ စည်ပင်ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်ရွေးချယ်

မင်းဘူး    ဇန်နဝါရီ    ၁၃

မကွေးတိုင်းဒေသကြီး မင်းဘူး(စကု)မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေးခန်းမတွင် ဇန်နဝါရီ ၁၂ ရက် နံနက် ၁၁ နာရီအချိန်က စည်ပင်ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်တစ်ဦး ရွေးချယ်ပွဲကျင်းပခဲ့ကြောင်း သိရသည်။

ထို့သို့ ရွေးချယ်ရာတွင် မဲစနစ်ဖြင့် ရွေးချယ်ခဲ့ကြပြီး မင်းဘူးမြို့မှ ရွေးချယ်ခံပုဂ္ဂိုလ် ၆ ဦး၊ စကုမြို့မှ ရွေးချယ်ခံပုဂ္ဂိုလ် ၃ ဦးစုစုပေါင်း ၉ ဦးကို မဲပေးရွေးချယ်ခဲ့ရာ မင်းဘူးမြို့ အမှတ် (၁) ဦးသန်းဌေးအောင်က မဲအများဆုံး ရရှိကာ ဥက္ကဌ နှင့် မင်းဘူးမြို့အမှတ် (၄) မှ ဦးဌေးအောင်က ဒုတိယမဲအများဆုံးရရှိပြီး အဖွဲ့ဝင်အဖြစ် မင်းဘူး(စကု)မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်မြင့်နှင့် စီမံအဖွဲ့ဝင်များ၊ မြို့မိ၊ မြို့ဖများ၏ ရှေ့မောက်တွင် ရွေးချယ် တင်မြှောက်ခဲ့ကြသည်။

ဇေယျာထက်(မင်းဘူး)