Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ပွင့်ဖြူမြို့နယ်၌အသက်(၁၈)နှစ်အထက် ဒေသခံပြည်သူများ ကိုဗစ် - ၁၉ ရောဂါကင်းဝေးစေရန် ကာကွယ်ဆေးဆက်လက်ထိုးနှံပေးလျက်ရှိ
Jan 14,2022
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ကာကွယ်ဆေးမထိုးနှံရသေးသည့် အသက်(၁၈)နှစ်အထက် ဒေသခံပြည်သူများကို ယမန်နေ့နေ့လည်ပိုင်းက ဆေးထိုးစုရပ်(၄)နေရာတွင် ကျန်းမာရေးဝန်ထမ်းများက သတ်မှတ်စည်းကမ်းချက်များနှင့်အညီ စနစ်တကျဆက်လက်ထိုးနှံ ဆောင်ရွက်ပေးလျှက် ရှိကြောင်း ပွင့်ဖြူမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
နတ်မောက်မြို့ပေါ်၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်
Jan 14,2022
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် မီးသတ်တပ်ဖွဲ့မှ မြို့ပေါ်(၇) ရပ်ကွက်တွင် မီးသတ် မော်တော်ယာဉ်ဖြင့် လှည့်လည်၍မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအသိပညာပေး နှိုးဆော်ခြင်းကို ယမန်နေ့ညနေ (၃) နာရီအချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကံမမြို့နယ်စည်ပင်သာယာရေးအဖွဲ့၏ တည်ဆောက်ပြုပြင်ခြင်းလုပ်ငန်းများနှင့် ပတ်သက်၍ ပြည်သူလူထုသို့ ပွင့်လင်းမြင်သာစွာ ချပြရှင်းလင်းပွဲပြုလုပ်
Jan 14,2022
မကွေးတိုင်းဒေသကြီး သရက်ခရိုင် ကံမမြို့နယ်စည်ပင်သာယာရေးအဖွဲ့၏ ၂၀၂၁-၂၀၂၂ ခုနှစ် ဘဏ္ဍာရေးနှစ် တည်ဆောက်ပြုပြင်ခြင်း လုပ်ငန်းများအနက်မှ အမှတ်(၂)ရပ်ကွက်တွင် ပြုလုပ်ဆောင်ရွက်မည့် မြေနီကျောက်ချောလမ်း (၃)လမ်းနှင့် ပတ်သက်၍ ပြည်သူလူထုသို့ ပွင့်လင်းမြင်သာစွာ ချပြရှင်းလင်းပွဲကို ယမန်နေ့ နေ့လည် ၂ နာရီက အမှတ်(၂)ရပ်ကွက် ရွှေဂူရပ်၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဆင်ပေါင်ဝဲမြို့တွင် ကိုဗစ်-၁၉ ဗီဇပြောင်း မျိုးကွဲအိုမီခရွန် ရောဂါပိုးကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်မှုများ ဆောင်ရွက်
Jan 14,2022
မကွေးတိုင်းဒေသကြီး သရက်ခရိုင် ဆင်ပေါင်ဝဲမြို့နယ်၊ ရွာလင်းကျေးရွာအတွင်း ကိုဗစ်-၁၉ ဗီဇပြောင်း မျိုးကွဲသစ် အိုမီခရွန်ရောဂါ ကူးစက်ပြန့်ပွားမှုကို ကာကွယ်တားဆီးထိန်းချုပ်နိုင်ရေး အတွက် အသိပညာပေးခြင်းလုပ်ငန်းများကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာကြစေရန်အတွက် အသိပညာပေးနှိုးဆော်မှုလုပ်ငန်းကို ယမန်နေ့နံနက် (၉)နာရီ က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ပူးပေါင်းပြီး အရှိန်အဟုန်မပျက် ဆောင်ရွက်လျက်ရှိပါသည်။
အပြည့်အစုံ ဖတ်ရန်
ရေဖြူမြို့နယ်၊ အိန္ဒရာဇာကျေးရွာတွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်
Jan 14,2022
တနင်္သာရီတိုင်းဒေသကြီး၊ ထား၀ယ်ခရိုင်၊ ရေဖြူမြို့နယ် လူ၀င်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးမျိုးမြင့်နှင့် ၀န်ထမ်းများက ယမန်နေ့ နံနက်(၉) နာရီအချိန်က ပန်းခင်းစီမံချက်ဖြင့် အိန္ဒရာဇာကျေးရွာ၊ အခြေခံပညာ အလယ်တန်း ကျောင်း၌ နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ကွင်းဆင်း၍ ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကရင်ပြည်နယ် ပိုင်ကျုံမြို့ မဲသပုံ-ကွီးကျယ် ရေတံခွန်ထိ ရွာချင်းဆက်မြေလမ်း (၂)မိုင်အား ကတ္တရာလမ်းခင်းခြင်း လုပ်ငန်း(၇၅)ရာခိုင်းနှုန်းခန့် ဆောင်ရွက်ပြီးစီး
Jan 14,2022
ကရင်ပြည်နယ်၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသည် ပြည်သူများ၏ လူနေမှုဘဝ သွားလာရေးအဆင်ပြေစေရန် ရည်ရွယ်၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ မဲသပုံ-ကွီးကျယ် ရေတံခွန်ထိ ရွာချင်းဆက်မြေလမ်း (၂)မိုင်အား ကတ္တရာလမ်းခင်းခြင်း လုပ်ငန်းကို နို၀င်ဘာလ ၂၁ရက်နေ့တွင် စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ ယနေ့တွင်မူ (၇၅)ရာခိုင်နှုန်းခန့်ထိ ဆောင်ရွက်ပြီးစီးနေပြီး ဖြစ်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကော့မှူးတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသည့် ပြည်သူများအား ဆက်လက်ထိုးနှံပေး
Jan 14,2022
ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကာကွယ်ဆေးထိုးနှံပြီးများသည် ကူးစက်ခံရပါက အလွန်အမင်းဖျားနာခြင်းမှ အကာအကွယ်ပေးနိုင်သည့်အပြင် သေဆုံးမှုပါလျော့နည်းစေသည့်အတွက် ရန်ကုန်တောင်ပိုင်းခရိုင် ကော့မှူးမြို့နယ်တွင် အသက်(၁၈)နှစ် အထက် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသည့်ပြည်သူများကို အိန္ဒိယနိုင်ငံထုတ် (Covid Shield)ကာကွယ်ဆေးထိုးနှံပေးခြင်းနှင့် ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသော ပြည်သူများအား Sinovac ထိုးနှံ ပေးခြင်းကိုယနေ့နံနက်ပိုင်းက မြို့သစ်ရပ် ကွက်မှုကြိုကျောင်းဆောင်၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကိုကိုးကျွန်းမြို့နယ်သို့ ခရီးသည်နှင့် ကုန်ပစ္စည်းသယ်လေယာဉ် ပုံမှန်ပြေးဆွဲပေးလျက်ရှိ
Jan 14,2022
ကိုကိုးကျွန်းမြို့နယ်နေ ဒေသခံပြည်သူများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ သွားလာရေး အဆင်ပြေစေရန် အတွက် တပ်မတော်လေယာဉ်ဖြင့် ယမန်နေ့မနက် ၉နာရီတွင် မင်္ဂလာဒုံလေဆိပ်မှ ကိုကိုးကျွန်လေဆိပ်သို့ ခရီးသည်များနှင့် ကုန်တန်ချိန် ၁၃၂၅ ကီလိုဂရမ် တင်ဆောင်ကာ ၁၀နာရီ ၁၅အချိန်တွင် ရောက်ရှိခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
23015
Page
23016
Page
23017
Page
23018
Current page
23019
Page
23020
Page
23021
Page
23022
Page
23023
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department