Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ကိုဗစ်-၁၉ ရောဂါဆိုင်ရာ အသိပညာပေး လိုက်လံနှိုးဆော်
Aug 11,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း) ၊ လားရှိုးမြို့တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှထုတ်ပြန် ထားသော ကိုဗစ်-၁၉ ရောဂါဆိုင်ရာ လမ်းညွှန်ချက်များ၊ လားရှိုး မြို့နယ်ကိုဗစ်-၁၉ ကာကွယ်ထိန်း ချုပ်ကုသရေးကော်မတီမှ ထုတ်ပြန်ထားသော အသိပညာပေးကြေငြာချက်များကို ခရိုင်ပြန်ကြား ရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်မီးသတ်တို့ပူးပေါင်း၍ ယနေ့ နံနက်(၉)နာရီ အချိန်မှ စ၍ လမ်းဆုံနေရာများတွင် လိုက်လံအသိပေးနှိုးဆော်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
လာအိုနိုင်ငံမှ လွှဲပြောင်းလာသည့် မြန်မာနိုင်ငံသား နေရပ်ပြန် ပြည်သူ(၂၅၅)ဦးအား နွေးထွေးစွာကြိုဆိုလက်ခံ
Aug 11,2021
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်၊ မိုင်းဖုန်း(က)ကျေးရွာရှိ ဝမ်ပုံဆိပ်ကမ်း၌ လာအိုနိုင်ငံမှ လွှဲပြောင်းလာသည့် အခက်အခဲများနှင့် ကြုံတွေ့နေရသည့် မြန်မာနိုင်ငံသား နေရပ်ပြန်ပြည်သူ(၂၅၅)ဦးကို ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က တာချီလိတ်မြို့နယ်မှ တာဝန်ရှိသူများက နွေးထွေးစွာ ကြိုဆိုလက်ခံ ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ညောင်ဦးမြို့နယ်တွင် ဧရာဝတီမြစ်ရေမှတ် စိုးရိမ်ရေမှတ်ထိ မရောက်ပဲပြန်ကျနေပြီဖြစ်
Aug 11,2021
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်တွင် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန၏ ယနေ့နံနက် ၆ နာရီခွဲအချိန် တိုင်းထွာချက်အရ ဧရာဝတီမြစ်ရေ မှတ်သည် စိုးရိမ်ရေမှတ် ၂၁၂၀ စင်တီမီတာသို့ မရောက်ရှိပဲ တဖြည်းဖြည်းပြန်ကျနေပြီ ဖြစ်ကြောင်း ညောင်ဦးမြို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန ထံကသိရသည်။
အပြည့်အစုံ ဖတ်ရန်
မြစ်ကြီးနားမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ထိရောက်စွာကာကွယ်၊ ထိန်းချုပ်နိုင်ရေး အသံချဲ့စက်ဖြင့် လှည့်လည်အသိပညာပေး နှိုးဆော်
Aug 11,2021
ကချင်ပြည်နယ်၊ မြစ်ကြီးနား မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ထိရောက်စွာ ကာကွယ်၊ ထိန်းချုပ် နိုင်ရေးအတွက် ပြည်နယ်မီးသတ် ဦးစီးဌာနနှင့် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနတို့ ပူးပေါင်း၍ မြစ်ကြီးနားမြို့နယ်အတွင်း ယမန်နေ့ မွန်းလွဲ ၂ နာရီက အသံချဲ့စက်ဖြင့် လှည့်လည် အသိပညာပေး နှိုးဆော်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
မင်းဘူးမြို့နယ်၌ အောက်ဆီဂျင်စက်ရုံ ဆောက်လုပ်ခြင်း လုပ်ငန်းများ စတင်ဆောင်ရွက်
Aug 11,2021
မကွေးတိုင်းဒေသကြီး မင်းဘူး(စကု)မြို့နယ်၌ ကိုဗစ်-၁၉ရောဂါ လူနာများနှင့် အခြားနာမကျန်း လူနာများ၏ အောက်ဆီဂျင် လိုအပ်ချက် မဖြစ်ပေါ်စေရေးအတွက် မင်းဘူးမြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီက ဦးဆောင်ကြီးကြပ်၍ ဗြဟ္မစိုရ် လူမှုကူညီရေးအသင်း၊ မြို့မိ မြို့ဖများနှင့် ပူးပေါင်း၍ အောက်ဆီဂျင် စက်ရုံစတင် ဆောက်လုပ်လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရွှေကျင်မြို့နယ်တွင် ဧည့်စာရင်းများစစ်ဆေးဆောင်ရွက်
Aug 11,2021
ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြို့နယ်၊ ကျွဲတဲရပ်ကွက်အတွင်း ယမန်နေ့ ည ၇ နာရီခွဲအချိန်မှစ၍ ဧည့်စာရင်းများကို လိုက်လံစစ်ဆေးခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
မချမ်းဘော့မြို့၌ ခရီးသွားလာသူများအား စစ်ဆေးမေးမြန်း ဆောင်ရွက်မှုနှင့် ပြည်သူများနေ့စဉ် သိရှိလိုက်နာစေရန် စည်းကမ်းချက်များအား အသံချဲ့စက်ဖြင့်အသိပေးလှည့်လည်ကြေညာ…
Aug 11,2021
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့နယ်၌ ကိုဗစ်-၁၉ရောဂါကူးစက်မှု လျှော့ချနိုင်ရေးအတွက် ခရီးသွားပြည်သူများအား လိုက်နာဆောင်ရွက်မှုအခြေအနေအား စစ်ဆေးမေးမြန်းဆောင်ရွက်မှုနှင့် နေ့စဉ်ပြည်သူများ သိရှိလိုက်နာစေရန် အသွားအလာကန့်သတ်မှုပါ စည်းကမ်းချက်များအား ယမန်နေ့ မွန်းလွဲ ၂နာရီမှစတင်၍ အသံချဲ့စက်ဖြင့် အသိပေးလှည့်လည်ကြေညာခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရေဖြုမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် လိုက်နာဆောင်ရွက်ရမည့် အချက်များကို အသံချဲ့စက်ဖြင့် လိုက်လံအသိပေးနှိုးဆော်
Aug 11,2021
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့ပွားမှု မရှိစေရေးနှင့် ရောဂါကာကွယ် ထိန်းချုပ်နိုင်စေရန် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမိုးဆန်းထွန်း၏ ဦးဆောင်မှုဖြင့် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများနှင့်မြို့နယ်မီးသတ်ဦးစီးဌာန၊ဒုတိယဦးစီးမှူး ဦးကျော်မျိုးထွန်းနှင့် တပ်ဖွဲ့ဝင်များတို့ ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါဆိုင်ရာ အသိပညာပေး နှိုးဆော်ခြင်းများကို ဩဂုတ်လ ၁၀ရက်နေ့ ညနေ (၅)နာရီကရေဖြူမြို့ပေါ် ရပ်ကွက်များနှင့်ကျေးရွာများသို့ လှည့်လည်နှိုးဆော်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
23015
Page
23016
Page
23017
Page
23018
Current page
23019
Page
23020
Page
23021
Page
23022
Page
23023
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department