အမြို့မြို့အနယ်နယ်သတင်းများ

Aug 11,2021
          ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ တတိယလမ်းကြီးရှိ ဘင်္ဂါလီဂျာမေဗလီကြီးတွင် ဗလီအသင်းဝင် ပရဟိတအဖွဲ့မှ နေ့စဉ်နံနက်တိုင်း "ပြည်သူမှပြည်သူသို့" အစီအစဉ်ဖြင့် အောက်စီဂျင် လိုအပ်လျက်ရှိသည့် ပြည်သူများကို အောက်စီဂျင်များ အခမဲ့ဖြန့်ဝေပေးလျက်ရှိသည်။
Aug 11,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများကို စွမ်းစွမ်းတမံ ဆောင်ရွက်နေသော ကြက်ခြေနီသူနာပြုတပ်ဖွဲ့အတွက် အလှူငွေနှင့် ကိုဗစ်-၁၉ ကာကွယ်ရေးသုံးပစ္စည်းများကို စေတနာရှင် အလှူရှင်များက လာရောက်လှူဒါန်းလျက်ရှိကြောင်း သိရသည်။
Aug 11,2021
ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး Mask  Campaign လှုပ်ရှားမှုများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်၈နာရီက မြို့မစည်ပင်သာယာစျေး၌ Mask Campaign ပြုလုပ်ခဲ့ကြောင်းသိရသည်။
Aug 11,2021
ဧရာဝတီတိုင်းဒေသကြီး ၊ လပွတ္တာခရိုင် ၊ ပြင်စလူမြို့  မြို့ပေါ်ရပ်ကွက်များအတွင်း မိဘပြည်သူများ ကိုဗစ် - ၁၉ ရောဂါ ကူးစက်မှု မဖြစ်ပွားစေရန်အတွက် ကလိုရင်းပိုးသတ် ဆေး ဖြန်းခြင်း လုပ်ငန်းများကို ယနေ့နံနက် (၈)နာရီ အချိန်ခန့်က ဆောင်ရွက်ခဲ့သည်။
Aug 11,2021
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့၌ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု ကာကွယ်ထိန်းချုပ် နိုင်ရန်အတွက် အသိပညာပေးနှိုးဆော်မှုများအား အသံချဲ့စက်ဖြင့်ကျယ်ကျယ်ပြန့်ပြန့် အရှိန်အဟုန်မြင့် ဆောင် ရွက်ရှိရာ ယနေ့နံနက်(၈) နာရီအချိန်က မြို့ပေါ်ရပ်ကွက်များရှိ လမ်းဆုံလမ်းခွများ လူစည်းကားရာ နေရာ များတွင် မြဝတီခရိုင်ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာနမှ ဝန်ထမ်းများက လိုက်လံအသိပညာပေးနှိုးဆော်ခဲ့သည်။
Aug 11,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ကျိုင်းတုံခရိုင်၊မိုင်းပျဉ်းမြို့၊ လူထုအခြေပြုဗဟိုဌာနတွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးTalk Show ကို မြို့နယ်ပြန်//ဆက်ဦးစီးဌာနနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနတို့ပူးပေါင်း၍ ဩဂုတ် ၁၀ရက် နံနက်၁၀နာရီက ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
Aug 11,2021
ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ မိုးညှင်းမြို့အတွင်းရှိ ဘုန်းတော်ကြီးကျောင်း၊ သီလရှင် ကျောင်း၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ အသက်(၆၅)နှစ်အထက် အသက်ကြီးသူများ၊ Volunteer/ ပရဟိတအဖွဲ့ဝင်များနှင့် ဈေးသူဈေးသားများအား သြဂုတ် (၁၀)ရက် နံနက်(၉)နာရီတွင် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ အောင်ဆန်းခန်းမ၌ ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
Aug 11,2021
နယ်စပ်ရေးရာ၀န်ကြီးဌာန နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အနေဖြင့် နယ်စပ်ဒေသများလမ်းပန်းဆက်သွယ်ရေးကဏ္ဍ ကောင်းမွန်စေရေးအတွက် ဆောင်ရွက်ပေးလျက်ရှိရာ ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်၊ဆွမ်ပီယာန်ကျေးရွာအုပ်စုအတွင်း ၂၀၂၀- ၂၀၂၁ဘဏ္ဍာရေးနှစ် ပြည်ထောင် စုခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်သည့် ဆွမ်ပီယာန်-အင်စီယာန်ကျေးရွာသို့ဆက်သွယ်ထားသောလမ်းမပေါ်ရှိ စနီခချောင်းကူး သံကူကွန်ကရစ်တံတားတစ်စင်းတည်ဆောက်ခြင်းလုပ်ငန်းမှာ ယခုအခါရာခိုင်နှုန်းပြည့် လုပ်ငန်း ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း ပူတာအိုခရိုင်ဖွံ့ဖြိုး မှုကြီးကြပ်ရေးရုံးမှသိရသည်။