Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ဆိပ်ကြီးခနောင်တိုမြို့နယ်၌ အသက် ၁၈ နှစ် နှင့် အထက်ရှိသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ် စတင်ထိုးနှံပေး
Jan 14,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုကိုဆက်လက်ကာကွယ်၊ ထိန်းချုပ်နိုင်ရေးအတွက် မြို့နယ်အတွင်း သတ်မှတ်ဦးစားပေးအုပ်စုအလိုက် ကာကွယ်ဆေးများကို ထိုးနှံပေးလျက်ရှိရာ အသက် ၁၈ နှစ် အထက်ရှိပြီး၊ သတ်မှတ်ဦးစားပေးအုပ်စု အလိုက်ကာကွယ်ဆေး
အပြည့်အစုံ ဖတ်ရန်
ကျိုင်းတောင်းမြို့တွင် ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန် ကြိုတင်ကာကွယ်ရေး အသိပညာပေး နှိုးဆော်ခြင်းများ ဆက်လက်ဆောင်ရွက်
Jan 14,2022
ရှမ်းပြည်နယ် (တောင်ပိုင်း) လင်းခေးခရိုင်၊ ကျိုင်းတောင်းမြို့အတွင်း ကိုဗစ်- ၁၉ မျိုးကွဲသစ် အိုမီခရွန် ကြိုတင်ကာကွယ်တားဆီးရေးဆိုင်ရာ အချက်များကို ယနေ့နံနက်ပိုင်း ၁၁ နာရီအချိန်ခန့်က ကျိုင်းတောင်း မြို့ပေါ် ရပ်ကွက်များသို့ သွားရောက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရှိ ဝန်ထမ်းများမှ အသိပညာပေး နှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
အိမ်မဲမြို့နယ် (Community Centre)ခန်းမတွင် လူကုန်ကူးမှု တားဆီးကာကွယ်ရေး အသိပညာပေး Talk Show ဆောင်ရွက်
Jan 14,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင်လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေး Talk Show ကို ဇန်နဝါရီလ ၁၄ ရက် မွန်းလွဲ ၁ နာရီတွင်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ကရင်ပြည်နယ် ပိုင်ကျုံမြို့ ကွီးကျယ်-ထီးပရီး-မဲပရခီး ကျေးရွာချင်းဆက် မြေသားလမ်း (၃)မိုင် ဖောက်လုပ်ခြင်းလုပ်ငန်း (၇၅) ရာခိုင်နှုန်းခန့် ပြီးစီး
Jan 14,2022
ကရင်ပြည်နယ်၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသည် ပြည်သူများ၏ လူနေမှုဘဝ တိုးတက်မြင့်မားလာစေရေးနှင့် သွားလာရေးအဆင်ပြေစေရန် ရည်ရွယ်၍ ဒေသဖွံ့ဖြိုး ရေးလုပ်ငန်းများ ဆောင်ရွက်ပေး လျက်ရှိရာ ကွီးကျယ်-ထီးပရီး-မဲပရခီး ကျေးရွာချင်းဆက် မြေသားလမ်း (၃)မိုင် ဖောက်လုပ်ခြင်း လုပ်ငန်းကို နို၀င်ဘာလ ၁၅ ရက်နေ့တွင် စတင် အကောင် အထည်ဖော်ဆောင်ရွက်ရာ ယနေ့တွင် (၇၅) ရာခိုင်နှုန်းခန့် ပြီးစီးနေပြီးဖြစ်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းလုံမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာဖတ်ဝိုင်းဆောင်ရွက်
Jan 14,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနက မြို့နေပြည်သူများ စာပေဖတ်ရှုသည့် အလေ့အကျင့်ရှိစေရန်၊ စာအုပ်စာပေ ချစ်မြတ်နိုးသူများ ပိုမိုတိုးပွားလာစေရန်၊ ကျန်းမာရေးဆိုင်ရာ အသိအမြင် ဗဟုသုတများကို လက်တွေ့ဘဝတွင် အသုံးချတတ်လာစေရန် ရည်ရွယ်၍ စာရေးဆရာ ဒေါက်တာမြင့်သန်းထွန်း (ပြည်သူ့ကျန်းမာရေး)၏ “ပြည်သူများအတွက် ကျမ်းမာရေးဆိုင်ရာ အကြုံပြုချက် ဆောင်ပါးများ” စာအုပ်ဖြင့် ယနေ့နံနက် (၁၁:ဝဝ) အချိန်ခန့်က လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
စလင်းမြို့နယ်တွင်လူဦးရေစာရင်းစိစစ်ခြင်း၊ ဖြည့်စွက်ခြင်း၊ပြင်ဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးဖြစ်
Jan 14,2022
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ၏ ဦးဆောင်ကြီးကြပ်မှုဖြင့် ဇန်နဝါရီ ၁၃ ရက်နေ့တွင် အထွေထွေအုပ်ချုပ်ရေးမှူးရုံးရှိ ပတ္တမြားအစည်းအဝေးခမ်းမ၌ လူဦးရေစာရင်းစိစစ်ခြင်း၊ ဖြည့်စွက်ခြင်း၊ ပြင်ဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးခဲ့ပြီဖြစ်သည်။
အပြည့်အစုံ ဖတ်ရန်
မင်းတုန်းမြို့တွင် လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းဖွင့်လှစ်
Jan 14,2022
မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးတွင် ယမန်နေ့နံနက် ၉ နာရီခွဲ က လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းကို ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနနှင့် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
သန်လျင်၌ ကိုဗစ်- (၁၉) ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် Omicron (အိုမီခရွန်) Virus ကာကွယ်ရေး လှည့်လည်အသိပေးနှိုးဆော်
Jan 14,2022
ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ်အတွင်း ကိုဗစ်- ၁၉ ရောဂါကြိုတင်ကာကွယ်ရေးနှင့် Omicron (အိုမီခရွန်) Virus ကာကွယ်ရေးအတွက် မြို့နယ် ကိုဗစ်- ၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးလုပ်ငန်းကော်မတီမှ ဦးဆောင်မှုဖြင့် ရောဂါ ကာကွယ်ရေးလုပ်ငန်းစဥ်များ အသိပေးနှိုးဆော်ခြင်းကို ယမန်နေ့ညနေပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
23013
Page
23014
Page
23015
Page
23016
Current page
23017
Page
23018
Page
23019
Page
23020
Page
23021
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department