ရေဖြူ ဇန်နဝါရီ ၁၄
တနင်္သာရီတိုင်းဒေသကြီး၊ ထား၀ယ်ခရိုင်၊ ရေဖြူမြို့နယ် လူ၀င်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား၀န်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးမျိုးမြင့်နှင့် ၀န်ထမ်းများက ယမန်နေ့ နံနက်(၉) နာရီအချိန်က ပန်းခင်းစီမံချက်ဖြင့် အိန္ဒရာဇာကျေးရွာ၊ အခြေခံပညာ အလယ်တန်း ကျောင်း၌ နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ကွင်းဆင်း၍ ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထို့သို့ကွင်းဆင်းဆောင်ရွက်ရာတွင် ရေဖြူမြို့နယ်ရုံးမှ ဦးစီးအရာရှိ ဦးမျိုးမြင့်နှင့် ၀န်ထမ်းများက ရေဖြူမြို့နယ်၊ အိန္ဒရာဇာကျေးရွာအတွင်း နေထိုင်လျက်ရှိသည့် ကျေးလက်နေ ပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားကို အသက် (၁၀) နှစ်ပြည့်(၃၃)ဦး၊ အသက်(၁၈)နှစ်ပြည့်(၄၈)ဦး ပြုလုပ်ပေးခြင်း၊ အသက်(၁၈)နှစ်ပြည့်လဲလှယ်ပေးခြင်း(၁၈)ဦး၊ မိတ္တူ(၃၆)ဦးနှင့် အိမ်ထောင်စု လူဦးရေစာရင်း(၁၀၄)ဦး တို့အား ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထို့နောက် ရေဖြူမြို့နယ်၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူး ရုံးဝန်ထမ်းများက ပန်းခင်းစီမံချက် အသိပညာပေးလက်ကမ်းစာစောင်များအား အိန္ဒရာဇာ ကျေးရွာ ပြည်သူများသို့ ဖြန့်ဝေပေးခဲ့သည်။
အဆိုပါ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်းကို ရပ်ကွက်/ကျေးရွာများအရောက်ကွင်းဆင်း၍ ၂၀၂၁ ခုနှစ် မေလ ၃ ရက်နေ့မှ စတင်ကာ အိမ်ထောင်စု လူဦးရေစာရင်းနှင့် ကိုင်ဆောင်လက်မှတ်မရှိသူများကို ဥပဒေနှင့်အညီ ဆောင်ရွက်ပေးနေကြောင်း သိရသည်။
ခတ္တာ