ကိုကိုးကျွန်း ဇန်နဝါရီ ၁၄
ကိုကိုးကျွန်းမြို့နယ်နေ ဒေသခံပြည်သူများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ သွားလာရေး အဆင်ပြေစေရန် အတွက် တပ်မတော်လေယာဉ်ဖြင့် ယမန်နေ့မနက် ၉နာရီတွင် မင်္ဂလာဒုံလေဆိပ်မှ ကိုကိုးကျွန်လေဆိပ်သို့ ခရီးသည်များနှင့် ကုန်တန်ချိန် ၁၃၂၅ ကီလိုဂရမ် တင်ဆောင်ကာ ၁၀နာရီ ၁၅အချိန်တွင် ရောက်ရှိခဲ့ကြောင်း သိရသည်။
အဆိုပါ လေယာဉ်တွင် လိုက်ပါလာသော ခရီးသည်များအား Quarantine စင်တာများသို့ ပို့ဆောင်ပေးခြင်းမှာ ကိုဗစ်-၁၉ရောဂါ မျိုးရိုးဗီဇပြောင်း အိုမီခရွှန်ရောဂါများ မဖြစ်စေရေးနှင့် ဒေသခံပြည်သူများ ကူးစက်မှု မရှိစေရေးအတွက် ကျန်းမာရေးဌာနမှ တာဝန်ရှိသူများ ကိုဗစ်ကော်မတီအဖွဲ့များ၊ ဌာနဆိုင်ရာများ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ပြီး တင်ဆောင်လာသော ပစ္စည်းများကို ဆေးဖြန်းခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ပြီးနောက် ပစ္စည်းများအား သက်ဆိုင်ရာ အိမ်များအရောက် လိုက်လံပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
ထို့နောက် လေယာဉ်တွင်လိုက်ပါမည့် ခရီးသည်များအား ကိုဗစ်-၁၉ရောဂါ မျိုးရိုးဗီဇပြောင်း အိုမီခရွှန်များ မဖြစ်စေရန် စစ်ဆေးပြီး ကုန်တန်ချိန် ၄၅၀ကီလိုဂရမ် တင်ဆောင်ကာ နံနက် ၁၁:၄၅ နာရီတွင် ကိုကိုးကျွန်းလေဆိပ်မှ မင်္ဂလာဒုံလေဆိပ်သို့ ထွက်ခွာသွားခဲ့ကြောင်း သိရသည်။ အဆိုပါ လေယာဉ်ပြေးဆွဲနေခြင်းမှာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် လမ်းညွှန်ချက်ဖြင့် တစ်လလျှင် ၂ခေါက် ပြေးဆွဲပေးသွားရန်နှင့် ဒေသခံပြည်သူများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ သွားလာရေး အဆင်ပြေစေရန်အတွက် တပ်မတော်လေယာဉ်များ ပြေးဆွဲနေကြောင်း သိရှိရသည်။
မြို့နယ်(ပြန်/ဆက်)