ကံမ ဇန်နဝါရီ ၁၄
မကွေးတိုင်းဒေသကြီး သရက်ခရိုင် ကံမမြို့နယ်စည်ပင်သာယာရေးအဖွဲ့၏ ၂၀၂၁-၂၀၂၂ ခုနှစ် ဘဏ္ဍာရေးနှစ် တည်ဆောက်ပြုပြင်ခြင်း လုပ်ငန်းများအနက်မှ အမှတ်(၂)ရပ်ကွက်တွင် ပြုလုပ်ဆောင်ရွက်မည့် မြေနီကျောက်ချောလမ်း (၃)လမ်းနှင့် ပတ်သက်၍ ပြည်သူလူထုသို့ ပွင့်လင်းမြင်သာစွာ ချပြရှင်းလင်းပွဲကို ယမန်နေ့ နေ့လည် ၂ နာရီက အမှတ်(၂)ရပ်ကွက် ရွှေဂူရပ်၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါရှင်းလင်းပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂) ဦးခင်ဦးနှင့် ကံမမြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးမြင့်လှိုင်တို့မှ ပြုလုပ်ဆောင်ရွက်မည့် လမ်းများနှင့်စပ်လျဉ်း၍ ပွင့်လင်းမြင်သာစွာ ချပြရှင်းလင်းခဲ့ပြီး တက်ရောက်လာကြသည့် ပြည်သူတို့၏ သိရှိလိုသည့် မေးမြန်းချက်များအား ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြပြီးနောက် ပြုလုပ်ဆောင်ရွက်မည့် လမ်းများအား ကွင်းဆင်းတိုင်းတာခဲ့ကြကြောင်း သိရသည်။
ကျော်ဇေယျဝင်း(ကံမ)