ပွင့်ဖြူမြို့နယ်၌အသက်(၁၈)နှစ်အထက် ဒေသခံပြည်သူများ ကိုဗစ် - ၁၉  ရောဂါကင်းဝေးစေရန် ကာကွယ်ဆေးဆက်လက်ထိုးနှံပေးလျက်ရှိ

ပွင့်ဖြူ  ဇန်နဝါရီ  ၁၄

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ကာကွယ်ဆေးမထိုးနှံရသေးသည့် အသက်(၁၈)နှစ်အထက် ဒေသခံပြည်သူများကို  ယမန်နေ့နေ့လည်ပိုင်းက ဆေးထိုးစုရပ်(၄)နေရာတွင် ကျန်းမာရေးဝန်ထမ်းများက သတ်မှတ်စည်းကမ်းချက်များနှင့်အညီ စနစ်တကျဆက်လက်ထိုးနှံ ဆောင်ရွက်ပေးလျှက် ရှိကြောင်း ပွင့်ဖြူမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှ သိရသည်။

ဒေသခံပြည်သူများအား ကိုဗစ်-၁၉ရောဂါကင်းဝေးစေရေးအတွက် ဆေးထိုးစုရပ်(၄)နေရာခွဲ၍ ကိုဗစ် ၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ဗိုလ်ဥတ္တမခန်းမ ၊ လယ်ကိုင်းကျေးရွာနိဗ္ဗာန်(တ) ကျောင်းတို့တွင် သတ်မှတ်စည်းကမ်းချက်များနှင့်အညီ စနစ်တကျ ထိုးနှံဆောင်ရွက်ပေးလျက်ရှိကြောင်းသိရပြီး ကာကွယ်ဆေးလာရောက်ထိုးနှံကြသူများ အဆင်ပြေစွာထိုးနှံနိုင်ရေးအတွက် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်း(Volunteer) အဖွဲ့ဝင်များက လိုအပ်သည် များကို ပူးပေါင်းကူညီ ဆောင်ရွက်ပေးနေကြောင်းသိရပြီး ယမန်နေ့ နေ့လည်ပိုင်းက ဆေးထိုးစုရပ် (၄)နေရာတွင် ပထမအကြိမ်ကာကွယ်ဆေး လာရောက်ထိုးနှံသူ ၇၇ ဦး၊  ဒုတိယအကြိမ် ကာကွယ်ဆေး လာရောက်ထိုးနှံသူ ၁၈၅ ဦး ရှိကြောင်း သိရသည်။

ပွင့်ဖြူမြို့နယ်တွင်  ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေး လုံးဝမထိုးနှံရသေးသည့် ပြည်သူများ အား သတ်မှတ်ဆေးထိုးစုရပ်နေရာများတွင် ကာကွယ်ဆေး သွားရောက်ထိုးနှံနိုင်ရေးအတွက် သက်ဆိုင်ရာရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ဌာနဆိုင်ရာများပူးပေါင်းအဖွဲ့က အသံချဲ့စက်ဖြင့်နေ့စဉ်အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း ပွင့်ဖြူမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးအောင်မြတ်ခိုင်ထံမှ သိရသည်။

 

ခင်ဝါဝါလှိုင်(ပြန်/ဆက်)