နတ်မောက်မြို့ပေါ်၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်

နတ်မောက်     ဇန်နဝါရီ   ၁၄

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် မီးသတ်တပ်ဖွဲ့မှ မြို့ပေါ်(၇) ရပ်ကွက်တွင် မီးသတ် မော်တော်ယာဉ်ဖြင့် လှည့်လည်၍မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအသိပညာပေး နှိုးဆော်ခြင်းကို ယမန်နေ့ညနေ (၃) နာရီအချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထိုသို့မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ရာတွင် ယခုအချိန်သည် ပူပြင်းခြောက်သွေ့သည့် အချိန်ကာလသို့ရောက်ရှိလာပြီး မီးဘေးကြိုတင်ကာကွယ်နိုင်ရန်အတွက် အိမ်တိုင်း အိမ်တိုင်း မီးကိုစနစ်တကျအသုံးပြုစေရန်၊ လောင်စာဆီများ၊ အမှိုက်များကို စနစ်တကျ  စွန့်ပစ်စေရန်၊ လျှပ်စစ်မီးများကို စနစ်တကျကိုင်တွယ်အသုံးပြုစေရန်၊ စားသောက်ဆိုင်များတွင် မီးသတ်ဆေးဗူးများ ကြိုတင်ကာကွယ်ထားရှိစေရန်နှင့် အိမ်တိုင်းအိမ်တိုင်း လှေကား၊ မီးသတ်ချိတ် များ၊ ရေအိတ်၊ သဲအိတ်များထားရှိစေရန် မြို့နယ် မီးသတ်တပ်ဖွဲ့ရှိတပ်ဖွဲ့ဝင်များက မီးသတ်မော် တော်ယာဉ်ဖြင့် မြို့ပေါ်( ၇) ရပ်ကွက်သို့ လိုက်လံနှိုးဆော်ပေးခဲ့ကြောင်း သိရသည်။

လှဝင်း