ကော့မှူးတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသည့် ပြည်သူများအား ဆက်လက်ထိုးနှံပေး

ကော့မှူး ဇန်နဝါရီ ၁၄

ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကာကွယ်ဆေးထိုးနှံပြီးများသည် ကူးစက်ခံရပါက အလွန်အမင်းဖျားနာခြင်းမှ အကာအကွယ်ပေးနိုင်သည့်အပြင် သေဆုံးမှုပါလျော့နည်းစေသည့်အတွက် ရန်ကုန်တောင်ပိုင်းခရိုင် ကော့မှူးမြို့နယ်တွင် အသက်(၁၈)နှစ် အထက် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသည့်ပြည်သူများကို အိန္ဒိယနိုင်ငံထုတ် (Covid Shield)ကာကွယ်ဆေးထိုးနှံပေးခြင်းနှင့် ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသော ပြည်သူများအား Sinovac ထိုးနှံ ပေးခြင်းကိုယနေ့နံနက်ပိုင်းက မြို့သစ်ရပ် ကွက်မှုကြိုကျောင်းဆောင်၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးရာတွင် ကျန်းမာရေးဝန်ထမ်းများက ကိုယ်အပူချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန် တိုင်းတာပေးခြင်းများ ဆောင်ရွက်ပေးပြီးနောက် ပုံမှန်အနေအထား ရောက်မှသာ စနစ်တကျကာ  ကွယ်ဆေးထိုးနှံပေးခြင်းဖြစ်သည်။

ဆေးထိုးနှံပြီးသူများကို မီနစ်၃၀ခန့် အနားယူစေကာ ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိသည်။ ကော့မှူးမြို့နယ် အတွင်း ကာကွယ်ဆေးထိုးနှံခြင်းများကို မြို့နယ်ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်ကော်မတီ၏ ကြီးကြပ်မှုဖြင့် ကျန်းမာရေး ဝန်ထမ်းများက ကျန်းမာရေး လမ်းညွှန်ချက်များနှင့်အညီ ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ကျော်သူရ