အမြို့မြို့အနယ်နယ်သတင်းများ

Jan 14,2022
ကရင်ပြည်နယ်၊ဖာပွန်ခရိုင်၊ ဖာပွန်မြို့တွင် ဒေသနေပြည်သူများ စာပေများဖတ်ရှုသည့် အလေ့အကျင့် ရှိစေရန်နှင့် စာပေဖတ်ရှုခြင်းမှရရှိသော စာဖတ်ခြင်း၏ အကျိုးကျေးဇူးများအကြောင်း သိရှိစေရန် ရည်ရွယ်၍ ယနေ့နံနက် (၉) နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာရေးဆရာ‌ အောင်ကိုဦးရေးသား ထားသော "လူငယ်တွေစဉ်းစားဖို့"စာအုပ်ဖြင့် စာဖတ်ဝိုင်း ဆွေးနွေးပွဲ ကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
Jan 14,2022
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ၊ မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ် ကျေးလက်‌ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်၊ ပထမခြောက်လ ဘတ်ဂျတ်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်မည့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP)အတွက်စီမံကိန်းအကြောင်း မိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီဖွဲ့စည်းဆောင်ရွက်ခြင်းကို ဇန်နဝါရီ ၁၃ ရက် ၊ ယနေ့မွန်းလွဲ ၁ နာရီက ပွင့်ဖြူမြို့နယ် မုန်းဇလဲကျေးရွာအုပ်စု၊ ညောင်ပင်စောက်ကျေးရွာတွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
Jan 14,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်အတွင်း ၂၀၂၁-၂၀၂၂ ခုနှစ်၊ မီနီဘတ်ဂျက် ဖြင့် အောက်တိုဘာလမှ မတ်လအထိ ၆ လစာအတွက် မိုးညိုမြို့ပေါ် (၅)ရပ်ကွက်ရှိ အသက် (၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား ထောက်ပံ့ငွေများကို ယမန်နေ့က မိုးညိုမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဇင်ဦးနှင့် ဝန်ထမ်း များ၊ မြို့ပေါ်(၅)ရပ်ကွက်မှ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက အိမ်တိုင်ရာရောက် သွားရောက် ထောက်ပံ့ပေးအပ်ခဲ့သည်။
Jan 14,2022
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန၊ Community Centre ခန်းမ၌ (၇၅)နှစ်မြောက်ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြု သောအားဖြင့် စာအုပ်စာစောင်နှင့်နံရံကပ်စာစောင်ပြပွဲကို ဇန်နဝါရီ ၁၄ ရက် နံနက်(၉)နာရီ တွင် ခင်းကျင်းပြသထားလျက်ရှိကြောင်း သိရသည်။
Jan 14,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မိုဘိုင်းစနစ်ဖြင့် စာအုပ်၊ စာစောင်များ ငှားရမ်းပေးခြင်းကို ယမန်နေ့၊ နေ့လည်ပိုင်းက မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ဆောင်ရွက် ခဲ့ကြောင်း သိရသည်။
Jan 14,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင် မသန်စွမ်းသူများ ၏အခွင့်အရေးဆိုင်ရာများ အသိပညာပေး နံရံကပ်စာစောင်ပြသခြင်းနှင့် စာအုပ်ပြပွဲကို ယမန်နေ့ ည‌နေ ၄ နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Jan 14,2022
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် တာဝန်ကျဌာနဆိုင်ရာများက  ကိုဗစ်-၁၉ရောဂါ  ကာကွယ်ထိန်းချုပ်ရေးအသိပညာပေး  Mask Campaign ပြုလုပ်ခြင်းကို ပဲခူး-ကဝလမ်းမကြီး ရန်မျိုးအောင်ဘုရားလမ်းထိပ်၌ ယနေ့နံနက် (၉:၀၀) နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Jan 14,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်တွင် စာပေချစ်မြတ်နိုးသူ ပြည်သူများ စာပေဗဟုသုတရရှိစေရန် ရည်ရွယ်၍ Onlineမှတစ်ဆင့် အသိပညာပေးအစီအစဉ်များကို နေ့စဉ်ရိုက်ကူးထုတ်လွှင့် တင်ဆက်ပေးလျက်ရှိရာ  ယနေ့နံနက်ပိုင်းက  ခမီတိုင်းရင်းသားစာပေနှင့် ယဥ်ကျေးမှုအသင်းမှ ရေးသားပြုစု ထားသော "ပုရွက်ဆိတ် နဲ့ နှံကောင် "   စာအုပ်ဖြင့် ပုံပြင်ပြောခြင်း အစီအစဉ်ကို  ရိုက်ကူး ထုတ်လွှင့်တင်ဆက်ခဲ့သည်။