အမြို့မြို့အနယ်နယ်သတင်းများ

Aug 11,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ အမှန်တကယ် လိုအပ်နေသော မီးသင်ချိုသောအဖွဲ့အား PPE ဝတ်စုံအပါအဝင် အခြား ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး ပစ္စည်းများ ထောက်ပံ့ခြင်းကို ယမန်နေ့က လိုက်လံထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
Aug 11,2021
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ဖာပွန်မြို့တွင်ကိုဗစ်-၁၉ရောဂါပိုး (၈)ဦးထပ်မံတွေ့ရှိသည့် အတွက် အသိပညာပေး လုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်ခြင်းကို ယနေ့နံနက် ၈ နာရီအချိန်က အမှတ်(၂)ရပ်ကွက်ရှိ လူသွားလူလာများသည့် နေရာများတွင် ဆောင်ရွက် ခဲ့ကြောင်း သိရသည်။
Aug 11,2021
ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု ထိန်းချုပ်နိုင်ရန်အတွက် ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ စုကလိမြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံကြရန်နှင့် ရောဂါပြန့်ပွားမှုမရှိစေရေး ကရင်၊ မြန်မာ နှစ်ဘာသာဖြင့်  အသိပညာပေးနှိုးဆော်ခြင်းလုပ်ငန်းကို ယနေ့နံနက် ၁၀ နာရီအချိန်က စတင်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူးနှင့် ဌာနဆိုင်ရာဝန်ထမ်းများက မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများသို့ သွားရောက်ဆောင်ရွက်ခဲ့သည်။
Aug 11,2021
တနင်္သာရီတိုင်းဒေသကြီး၊မြိတ်ခရိုင်၊ပလောက်မြို့၊ကျောက်လုံးကြီးကျေးရွာအုပ်စုတွင် မြို့ကိုဗစ်-၁၉  ရောဂါထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီအဖွဲ့မှကြီးကြပ်၍   ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးနည်းလမ်းများအား အသံချဲ့စက်ဖြင့် ယနေ့ နေ့လယ်  (၁)နာရီခန့်က လိုက်လံအသိပေးနှိုးဆော်ခဲ့ကြောင်းသိရသည်။               
Aug 11,2021
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင် ၊ မုဒုံမြို့နယ်၌ ကိုဗစ်-၁၉ပိုးတွေ့အတည်ပြုလူနာများ အတွက် အောက်ဆီဂျင်အရေးပေါ်လိုအပ်လာပါက အခက်ခဲမရှိအဆင်ပြေစွာ ကျန်းမာရေး စောင့်ရှောက်ကုသပေးနိုင်ရန် မုဒုံမြို့နယ်ပြည်သူ့ဆေးရုံ၌ လိုအပ်လျက်ရှိသော အောက်ဆီဂျင်အိုးများကို ယမန် နေ့က စေတနာရှင်အလှူများက မြို့နယ်ပြည်သူ့ဆေး ရုံသို့လာ ရောက်လှူဒါန်း​သည်။
Aug 11,2021
ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနက ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးနှင့် ရောဂါကာကွယ် ထိန်းချုပ် နိုင်စေရန် ရည်ရွယ်၍ ရပ်ကွက်များအတွင်း ကိုဗစ်ကာကွယ်ရေး အသိပညာပေး နှိုးဆော်ခြင်းနှင့် ကိုဗစ်ကာကွယ်ဆေး (Sinophram)ထိုးနှံရန် အသိပေးနှိုးဆော်ခြင်းကို ယမန်နေ့က လည့်လှည် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Aug 11,2021
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ် နယ်စပ်ဒေသ မိုင်းယုမြို့တွင် တောင်သူတို့၏ မိုးအစေ့ထုတ်ပြောင်းများ ခူးဆွတ်ရိတ်သိမ်းပြီး၍ ဒေသတွင်း ပြန်လည်ရောင်း ချရာမှ ဈေးကောင်းရပြီး အကျိုးအမြတ်များစွာရလျက်ရှိသည်။
Aug 11,2021
ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် ကာကွယ်ဆေးများ နိုင်ငံတော်မှ ထိုးနှံပေးလျက်ရှိရာ ချင်းပြည်နယ် တီးတိန်မြို့၌ အသက်၆၅နှစ်အထက် သက်ကြီး ဘိုးဘွားများ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးရန် ကျန်ရှိသူများ ကာကွယ်ဆေးထိုးမည့် နေ့ရက်နှင့် စုရပ်များအား အများပြည်သူသိရှိနိုင်ရန် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် မီးသတ် ဦးစီးဌာန တို့က ကမ်းဟောက်လမ်းမအတိုင်း အသံချဲ့စက်ဖြင့် ယမန်နေ့ မွန်းလွဲ ၂ နာရီ၌ အသံချဲ့စက်ဖြင့် နှိုးဆော်အသိပေးခဲ့ကြောင်း သိရသည်။