ဆိပ်ကြီးခနောင်တို ဇန်နဝါရီ ၁၄
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ လတ်တလောတွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသူမရှိသလောက် နည်းပါးသွားသော်လည်း မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုမှ ကာကွယ်၊ ထိန်းချုပ်နိုင်ရေး၊ လက်ရှိကူးစက် ဖြစ်ပွားနေသည့် ကိုဗစ်-၁၉ မျိုးကွဲအိုမီခရွန် ကြိုတင်ကာကွယ်ရေးလမ်းညွှန် ချက်များအား ပြည်သူလူထုအတွင်း ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်နှင့် ကာကွယ်ဆေးအား အကြိမ်ပြည့်လာရောက်ထိုးနှံရေး အသိပေးကြေညာခြင်းကို ယမန်နေ့ညနေပိုင်းက မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရပ်ကွက်အတွင်း လက်ကိုင်အသံချဲ့စက်ဖြင့် လိုက်လံကြေညာပေးလျက်ရှိကြောင်းသိရသည်။
အဆိုပါ လိုက်လံကြေညာပေးရာတွင် မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ(တာဝန်ပေး) ဒေါ်သိင်္ဂီပြည့်ဖြိုးနှင့် ဝန်ထမ်းများက “ယခုအခါတွင် အခြားပြည်ပ နိုင်ငံများနှင့် မိမိတို့နိုင်ငံတွင် ဗီဇပြောင်းမျိုးကွဲအိုမီခရွန် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိနေပြီဖြစ် ပါသဖြင့်ပြည်သူများအနေဖြင့် နေအိမ်ပြင်ပထွက်ခွာပါက ပါးစပ်နှင့်နှာခေါင်းစည် Mask စနစ်တကျ တပ်ဆင်ရန်၊ အခြားသူများနှင့် အနည်းဆုံး ၆ ပေ အခွာမှ နေရန်၊ Mask တပ်ဆင်ခြင်း မရှိသူများနှင့် စကားပြောဆိုခြင်း၊ ဈေးဝယ်ခြင်းမှ ရှောင်ရှားရန်၊ လူစုလူဝေးပြုလုပ် သွားလာခြင်းမှ ရှောင်ကြဉ်ရန်၊ လက်ကိုမကြာ ခဏဆပ်ပြာဖြင့် စက္ကန့် ၂၀ ကြာ စနစ်တကျ ဆေးကြောရန်စသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးလမ်း ညွှန်ချက်များနှင့် မြို့နယ်အတွင်း ယခုအခါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို သတ်မှတ် ဆေးထိုးအုပ်စုအလိုက် ထိုးနှံပေးလျက်ရှိရာ ပြည်သူများအနေဖြင့် မဖြစ်မနေလာရောက် ထိုးနှံရေးနှင့် ရောဂါကာကွယ်၊ ထိန်းချုပ်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များအတိုင်း လိုက်နာနေထိုင်ရေး” တို့ကိုလက်ကိုင်အသံချဲ့စက်ဖြင့် အသိပေးကြေညာပေး ခဲ့ကြောင်း သိရသည်။
ဝေယံ (IPRD)