ကျုံပျော် ဇန်နဝါရီ ၁၄
လူငယ်များ စာဖတ်ရှိန်မြင့်မားရေး၊ အသိပညာဗဟုသုတ တိုးပွားစေရေးကို ရည်ရွယ်၍ ဧရာဝတီ တိုင်း ဒေသကြီး၊ ကျုံပျော်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန(Community Centre ခန်းမ)တွင် Youth Club အဖွဲ့ဝင်များနှင့်စာဖတ်ဝိုင်း ဆွေးနွေးပွဲကို ဇန်နဝါရီ ၁၄ ရက် နံနက် ၁၀ နာရီက ပြုလုပ်သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်မိုးမြင့်ကစာဖတ် ဝိုင်း ဆွေးနွေးပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။ ထို့နောက် တက် ရောက် လာသည့် Youth Club အဖွဲ့ဝင်များက စာရေးဆရာ ချစ်နိုင်(စိတ်ပညာ) ရေးသားသည့် လူငယ်နဲ့အခွင့်အလမ်း စာအုပ်ပါ အကြောင်းအရာများအား တစ်ဦးခြင်းဖတ်ကြားကာ၊ တက်ရောက်လာသူများက ဖတ်ကြားသည့် အကြောင်းအရာ ခေါင်းစဉ်တစ်ခုခြင်းအလိုက် အသီးသီး ဆွေးနွေး၍ ဗဟုသုတ၊အမြင်ခြင်းဖလှယ်ခဲ့ကြသည်။
ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ စာပေဗဟုသုတတိုးပွားရရှိ စေရန် စာကြည့်တိုက်ဖွင့်လှစ်၍ စာအုပ် စာစောင်များ ဌားရမ်းဝန် ဆောင်မှုပေးခြင်း၊ ကလေးစာ ဖတ်ခန်းဖွင့်လှစ်ကာ ကလေးဘဝမှစ၍စာပေဖတ်ရှုမှု အလေ့အကျင့်ကောင်းရရှိရန် ပျိုးထောင် ပေးခြင်း၊ ကျေးရွာစာကြည့်တိုက်များ ၊နယ်လှည့်စာကြည့်တိုက်များ ဖွင့်လှစ်ပေးခြင်းနှင့် ယခုကဲ့သို့ စာဖတ်ဝိုင်းဆွေးနွေးပွဲများ ပြုလုပ်ကာ စာပေဗဟုသုတ တိုးပွားရေးလုပ်ငန်းများကို ဖြည့် ဆည်းဆောင်ရွက်ပေးလျှက်ရှိကြောင်း သိရသည်။
လပြည့်ဦး