ကော့မှူးတွင် ကိုဗစ်-၁၉ မျိုးရိုးဗီဇ‌ ပြောင်းအိုမီခရွန်ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်

ကော့မှူး ဇန်နဝါရီ ၁၄

ပြည်သူများ ကိုဗစ်-၁၉‌ မျိုးရိုးဗီဇပြောင်း အိုမီခရွန်ရောဂါကြို တင်ကာကွယ်နိုင်ရေး လိုက်လံအသိပညာပေးနှိုးဆော်ခြင်းကို ရန်ကုန်တောင်ပိုင်းခရိုင် ကော့မှူးမြို့နယ် ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက မြို့ပေါ်ရပ်ကွက်များတွင် ယနေနံနက်ပိုင်းက အသိပညာပေးနှိုးဆော်မှုများ ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

အသိပညာပေးမှုများဆောင်ရွက်ရာတွင် ကိုဗစ်-၁၉ ရောဂါဗီဇ‌ ပြောင်းအိုမီခရွန် ကူးစက်ပျံနှံ့မှုသည် နိုင်ငံအ ရေအတွက်များပြားလာခြင်းကြောင့် မိမိတို့နိုင်ငံအတွင်း ကူးစက်မှု မရှိစေရေး၊ အိုမီခရွန်မျိုးကွဲသစ်သည် မှုလ ကိုဗစ်-၁၉ နှင့် လုံးဝမတူညီခြင်း၊ ရောဂါကူးစက်မှု ပိုမိုမြန်ဆန်ခြင်းတို့‌ကြောင့် ပြည်သူများအနေဖြင့် မိမိအိမ်တွင်သာ နေထိုင်ကြရန်၊ မိမိအိမ်သို့ ပြင်ပမှဧည့်သည်များ လက်မခံပါနှင့် အခြားသူများထံသို့ သွားရောက် မလည်ပတ်ရန်၊ နေအိမ်ပြင်ပသို့ထွက် ခွာပါကပါးစပ်နှင့်နှာခေါင်းစည်း Mask ကိုစနစ်တကျ တပ်ဆင်သွား လာကြရန်၊ အရာဝတ္တုတစ်ခုခုကိုကိုင်တွယ် ပြီးတိုင်းလက်ကိုဆပ်ပြာဖြင့် ဆေးကြောရန်၊ လက်ကိုဆေးကြောခြင်းမပြုမီ ပါးစပ်နှာခေါင်းနှင့်မျက်စိတို့ကိုပွတ်သပ်ခြင်း မပြုလုပ်ရန်၊ အပြင်မှပြန်လာပြီးတိုင်း နှာခေါင်းစည်း Mask ကိုစနစ်တကျစွန့်ပစ်ရန်၊ ရောဂါပိုးကူစက်သည့်ဟု သံသယရှိပါက နီးစပ်ရာကျန်းမာရေးဌာနသို့ ဆက်သွယ်၍ မပျက်မကွက် ဆေးကုသမှုခံယူရန်၊ မိဘပြည်သူများအနေဖြင့် ပူးပေါင်းပါဝင် ကူညီဆောင် ရွက်ပေးကြပါရန် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက Hand Speaker များဖြင့် လှည့်လည်၍ တိုက်တွန်းနှိုးဆော်ခဲ့ကြောင်း သိရသည်။

ကျော်သူရ ကော့မှူး