Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
အစိုးရစက်မှုလက်မှုသိပ္ပံ (ဂန့်ဂေါ)တွင် တည်ဆောက်လျက်ရှိသော တည်ဆောက်ရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေး
Jan 14,2022
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့၊ အစိုးရစက်မှုလက်မှုသိပ္ပံ (ဂန့်ဂေါ)တွင် ဆရာ/ဆရာမ အိပ်ဆောင်နှင့် ကျောင်းသား/သူ အိပ်ဆောင်တို့ကို တည်ဆောက်လျက်ရာ အဆိုပါလုပ်ငန်းဆောင်ရွက်နေမှုအား ဂန့်ဂေါခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇော်လွင်ဦးသည် ခရိုင်/မြို့နယ် တည်ဆောက်ရေး လုပ်ငန်းစိစစ်ရေးကော်မတီဝင်များနှင့်အတူ ယမန်နေ့မွန်းလွဲပိုင်း အချိန်က အဆိုပါ တည်ဆောက်ရေး လုပ်ငန်းခွင်သို့ရောက်ရှိကာ လုပ်ငန်းဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးသည်။
အပြည့်အစုံ ဖတ်ရန်
ရန်ကုန်တိုင်းဒေသကြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ
Jan 14,2022
ရန်ကုန်တိုင်းဒေသကြီး၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၁/၂၀၂၂) ကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ မင်္ဂလာခန်းမ၌ ယနေ့မွန်းလွဲ (၃) နာရီက ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
ညောင်တုန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါမျိုးဗီဇပြောင်း အိုမီခရွန်ပိုး ကြိုတင်ကာကွယ်ရေးအသိပညာပေး နံရံကပ်စာစောင်ပြသ
Jan 14,2022
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre) နံရံဘုတ်တွင် အသိပညာ ဗဟုသုတတွေးပွားစေရန်ရည်ရွယ်၍ ကိုဗစ်-၁၉ ရောဂါမျိုးဗီဇပြောင်း အိုမီခရွန်ပိုး ကြိုတင်ကာကွယ်ရေးအသိပညာပေး နံရံကပ် စာစောင်ပြသခြင်းကို ဇန်နဝါရီလ ၁၄ရက်နေ့ မွန်းလွဲ ၁နာရီက ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မံစီမြို့နယ် (Community Centre)ခန်းမ၌ ကိုယ်လက်လှုပ်ရှား အားကစား လေ့ကျင့်ခန်းများဆောင်ရွက်
Jan 14,2022
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ယနေ့ နံနက် ၁၀ နာရီက မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကိုယ်လက်လှုပ်ရှား အားကစား လေ့ကျင့်ခန်းအစီအစဉ်အဖြစ် ( Fitness Dance ) အကများကို အွန်လိုင်းမှ ထုတ်လွှင့်ရန် ရိုက်ကူးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပုံပါကျင်မြို့၊ အခြေခံပညာ အထက်တန်းကျောင်း၌ အသိပညာပေး နယ်လှည့်လှုပ်ရှားမှု ကွင်းဆင်းဆောင်ရွက်
Jan 14,2022
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပုံပါကျင်မြို့ရုံးအနေနှင့် ကျောင်းသား/ကျောင်းသူများ အသိပညာ ဗဟုသုတတိုး ပွားလာစေရန်၊ စာဖတ်ခြင်း အလေ့အကျင့်ကောင်းများ ရရှိလာစေရန်နှင့် အားလပ်ချိန်များကို အကျိုးရှိစွာ အသုံးချတတ်စေရန် ရည်ရွယ်၍ အခြေခံပညာကျောင်းများသို့ သွားရောက်၍ ဟောပြောပွဲများ ဆောင်ရွက်ခြင်း၊ နယ်လှည့်စာကြည်တိုက်လုပ်ငန်းများ ဆောင်ရွက်ခြင်း၊ နံရံကပ်စာစောင်များပြသခြင်း စသည့်လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၁၀နာရီက ပုံပါကျင်မြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ နယ်လှည့်လှုပ်ရှားမှု ကွင်းဆင်း ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကြံခင်းမြို့ရှိ အသက်(၁၈)နှစ်နှင့်အထက် ရဟန်း၊ သံဃာ၊ ပြည်သူ(၁၇၆)ဦးအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ်ထိုးနှံပေး
Jan 14,2022
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် ကြံခင်းမြို့တွင်အသက်၁၈နှစ်နှင့်အထက် တစ်ကြိမ်တခါမှကိုဗစ်-၁၉ရောဂါကာကွယ်ဆေးမထိုးရသေးသော ရဟန်း၊သံဃာ၊ပြည်သူများကိုယနေ့နံနက်(၉)နာရီခွဲအချိန်ကကြံခင်းမြို့သာသနာ့ဗိမာန်ဆေးထိုးစုရပ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး(ပထမ)အကြိမ်စတင်ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ဖျာပုံမြို့ Community Centre ခန်းမ၌ စာဖတ်ဝိုင်းကျင်းပ
Jan 14,2022
ဧရာဝတီတိုင်းဒေသကြီး ၊ ဖျာပုံခရိုင် ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊ လူထု အခြေပြု ဗဟိုဌာန ( Community Centre ) ခန်းမတွင် မြို့နယ်စာအုပ်စာစောင် ချစ်မြတ်နိုးသူများ အသင်း (Book Club) အဖွဲ့နှင့် ပူးပေါင်း၍ စာပေကို မြတ်နိုးတန်ဖိုးထားသူများ တိုးပွားလာစေရန် ရည်ရွယ်၍ ဇန်နဝါရီလ ၁၄ ရက် နံနက် ၁၁နာရီအချိန်က ဖျာပုံခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ၊ Community Centre ခန်းမ၌ စာဖတ်ဝိုင်းပြုလုပ်ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
သနပ်ပင်မြို့နယ် ခရမ်း(စံပြ)ကျေးရွာအတွင်း ကိုဗစ်- ၁၉ ရောဂါ မျိုးရိုးဗီဇပြောင်း အိုမီခရွန် ကြိုတင်ကာကွယ်ရေး အသိပညာပေး နှိုးဆော်
Jan 14,2022
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်း အိုမီခရွန် ကြိုတင်ကာကွယ်ရေး အသိပညာပေးအနေဖြင့် လူစည်ကားရာ နေရာများဖြစ်သော မြို့အဝင်/အထွက်၊ ရပ်ကွက်များ၊ လမ်းဆုံလမ်းခွများ၌ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက ခရမ်း(စံပြ) ကျေးရွာအတွင်း မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက အသိပညာပေး နှိုးဆော်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
23010
Page
23011
Page
23012
Page
23013
Current page
23014
Page
23015
Page
23016
Page
23017
Page
23018
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department