ကျုံပျော်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပြီးသူ (၁)သိန်း(၂)သောင်းကျော်ရှိပြီး၊ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိ

ကျုံပျော် ဇန်နဝါရီ ၁၄ 

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက်ကာကွယ်ဆေး များထိုးနှံပေးလျှက်ရှိရာ ဇန်နဝါရီ ၁၄ ရက်နေ့အထိ ကာကွယ်ဆေးထိုးနှံပြီးသူဦးရေ (၁)သိန်း(၂) သောင်းကျော်ရှိပြီး၊  ဆေးထိုးစုရပ်များ ၌ ကာကွယ်ဆေးများလည်း ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။

လက်ရှိကာကွယ်ဆေးထိုးနှံပြီးသူများမှာ  အခြေခံပညာကျောင်းပေါင်း(၇၀)မှ အသက်(၁၂)နှစ်နှင့် အ ထက် ကျောင်းသားကျောင်းသူ (၇၀၆၄) ဦး၊ ရပ်ကွက်နှင့် ကျေးရွာများမှ ပြည်သူ(၁၁၄၈၂၃)ဦး ၊စုစု ပေါင်း  (၁၂၁၈၈၇)ဦး ထိုးနှံပြီးဖြစ်ကာ၊ သတ်မှတ်ရက်များအလိုက် ဆေးထိုးနှံ‌ပေးနေမှုကိုလည်း အ များပြည်သူကျယ်ကျယ်ပြန့်ပြန့်သိရှိစေရေးအတွက် အသံချဲ့စက်များဖြင့် လှုံဆော်ကြေငြာခြင်းများ ဆောင်ရွက်‌ပေးလျက်ရှိကြောင်း သိရသည်။ 

ကျုံပျော်တွင် မြို့မတိုက်နယ်အတွက် ပြည်သူ့အားကစားခန်းမ ဆေးထိုးစုရပ်၌ ထိုးနှံပေးလျှက်ရှိပြီး၊ အခြားတိုက်နယ် (၄)ခုရှိ ဆေးထိုးစုရပ်များ၌လည်း ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက် ရှိကြောင်း၊ဆေးထိုးလာရောက်သူများ အဆင်ပြေစေရေးအတွက် ပရဟိတအဖွဲ့များနှင့် ဆေးထိုးကြီးကြပ်အဖွဲ့များက  ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

 

လပြည့်ဦး