ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်းရောဂါ (အိုမီခရွမ်) omicrom ကြိုတင် ကာကွယ်ရေး အသိပညာ‌ပေး လိုက်လံနှိုးဆော်

သုံးခွ ဇန်နဝါရီ ၁၄

ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်းရောဂါ (အိုမီခရွမ်) omicrom ဖြစ်ပွားနေသည့် အတွက်ကြောင့် ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင် သုံးခွမြို့နယ်နေပြည်သူများအား ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်းရောဂါ (အိုမီခရွမ်) omicrom ကူးစက်မှုမှ ကာကွယ်နိုင်ရေး အသိပညာပေး နှိုးဆော်ခြင်းကို ပြန်ကြား‌ရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီဌာန ၀န်ထမ်းများက ယနေ့နံနက်၉နာရီ အချိန်က မြို့နယ်အတွင်းရှိ ရပ်ကွက်များသို့ လက်ကိုင်(Hand speaker)ဖြင့် အသိပညာပေး လိုက်လံနှိုးဆော်ခဲ့ကြောင်း သိရသည်။

အဆိုပါ အသိပညာ‌ပေး လိုက်လံနှိုးဆော်ရာတွင်း မြို့နယ်အတွင်းရှိ ပြည်သူများ ကျန်းမာရေး ၀န်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်လမ်းညွှန်ချက်များနှင့်အညီ ပြည်သူများ ရောဂါကူးစက်ပြန့်ပွားမှုများ မရှိစေရန်နှင့် ကာကွယ်ထိန်းချုပ်နိုင်စေရန်အတွက် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်းရောဂါ (အိုမီခရွမ်) omicrom ကာကွယ်ရေးနည်းလမ်းများ အားလုံးကိုယ်စီ မဖြစ်မနေ လိုက်နာဆောင်ရွက်ကြရန်၊ ကိုဗစ်-၁၉‌ ရောဂါ ကာကွယ်ဆေးအား ထိုးနှံကြရန်၊ ပြည်သူများအနေဖြင့် နေအိမ်ပြင်ပသို့ မဖြစ်မနေ ထွက်ခွာပါက နှာခေါင်းစည်း(Mask) စနစ်တကျ တပ်ဆင်ရန်၊ လူအများနှင့် ထိတွေ့ဆက်ဆံပါက မျက်နှာအကာ (face Shield) ကို တွဲဖက်တပ်ဆင်ရန်၊ သက်ကြီးရွယ်အိုနှင့်နာတာရှည် ရောဂါဝေဒနာရှင်များရှိရာ နေအိမ်များသို့ ၀င်ထွက်သွားလာခြင်း ဂရုပြုရန်၊ လေ၀င်လေထွက် မကောင်းသော အခန်းများသို့ သွားလာခြင်းမှ ရှောင်ရှားရန်၊ လက်ကို ဆပ်ပြာနှင့်စက္ကန့် ၂၀ကြာအောင် မကြာခဏ စနစ်တကျ ဆေးကြောရန်၊ နှာခေါင်းစည်း (Mask) မတပ်ဆင်ထားသော ဈေးရောင်းချသူများထံမှ ဈေးမ၀ယ်ကြရန်၊   ရောဂါကူးစက်ခံရသည်ဟု  သံသယရှိပါက။  နီးစပ်ရာ ကျန်းမာရေးဌာနများသို့ သွားရောက်ဆက်သွယ်၍  မပျက်မကွက် ဆေးကုသမှု ခံယူကြရန်၊ သုံးခွမြို့နယ်တွင် ကိုဗစ်-ရောဂါ လျော့နည့်ကျဆင်း ပပျောက်လာသည်ဖြစ်သည့် အတွက် ကျန်းမာရေး၀န်ကြီးဌာနမှ ထုတ်ပြန်ထား‌သော  ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးဆိုင်ရာ နည်းလမ်းများကို ပြည်သူများ ဆက်လက်လိုက်နာ ဆောင်ရွက်နိုင်ရန် အတွက်   စဥ်ဆက်မပျက် လိုက်လံအသိပေး နှိုးဆော်ခဲ့ကြောင်း သိရသည်။

ထိုသို့ အသိပေးနှိုးဆော်ခြင်းကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ဌာနဆိုင်ရာများနှင့် ပူးပေါင်း၍သော်လည်းကောင်း၊ မိမိဌာနအစီအစဉ် ဖြစ်သော် လည်းကောင်း အပတ်စဉ် နှိုးဆော်ပေးလျက်ရှိကြောင်း သိရသည်။

စည်သူလင်း