Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
မင်းလှမြို့၌ အိုမီခရွန် (Omicron) အပါအဝင် ကိုဗစ်-၁၉ မျိုးဗီဇပြောင်းရောဂါပိုးများ သတိပြုကာ မိမိကစ၍ကာကွယ်ပါ ပိုစတာစိုက်ထူ
Jan 14,2022
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်အတွင်းရှိ ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမဖြစ်ပေါ်စေရေး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ဦးဆောင်မှုဖြင့် မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနနှင့် ဌာနဆိုင်ရာများပူးပေါင်းပြီး အိုမီခရွန် (Omicron)အပါအဝင် ကိုဗစ်-၁၉ မျိုးဗီဇပြောင်းရောဂါပိုးများ သတိပြုကာ မိမိကစ၍ကာကွယ်ပါ အသိပညာပေး ပိုစတာစိုက်ထူ ခြင်းကို ယနေ့နံနက်(၉)နာရီက မင်းလှမြို့အဝင် တြိဂံလမ်းဆုံ၌ ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းရယ်မြို့နယ်၌ ကျေးရွာများအရောက် ကိုဗစ်-၁၉ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံ
Jan 14,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ်ရှိ ပြည်သူ့ဆေးရုံ၊ မြို့နယ်ကျေးရွာများရှိ တိုက်နယ်ဆေးရုံများနှင့် ကျန်းမာရေးဌာနခွဲများ စသည့် စုရပ်အသီးသီးတို့တွင် ဦးတည်အုပ်စုများ အလိုက် အသက်(၁၈)နှစ် အထက်ရှိသူများအား ကာကွယ်ဆေးများကို စဉ်ဆက်မပြတ် ထိုးနှံ ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက မန်ဖိုင်ကျေးလက်ကျန်းမာရေးဌာနခွဲ၊ ဟိုယကျေးလက် ကျန်းမာရေးဌာနခွဲနှင့် ခိုင်ဆိုင်းကျေးရွာ အုပ်စုရှိ ဘုန်းတော်ကြီးကျောင်းတို့တွင် ပြည်သူများအား ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
သထုံမြို့နယ်အတွင်းရှိ စားသောက်ဆိုင်များနှင့် ကာရာအိုကေဆိုင်များ မီးဘေးအန္တရာယ်နှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး ညွှန်ကြားချက်များနှင့်အညီ ဖွင့်လှစ်ရေး ကွင်းဆင်းစ…
Jan 14,2022
မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်းရှိ စားသောက်ဆိုင်များ၊ ကာရာအိုကေဆိုင်များ မီးဘေးအန္တရာယ်နှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး ညွှန်ကြားချက်များနှင့်အညီ ဖွင့်လှစ်ရောင်းချခြင်းရှိမရှိကို ယမန်နေ့မွန်းလွဲပိုင်း က တာဝန်ရှိသူများပူးပေါင်း၍ လိုက်လံစစ်ဆေးခဲ့ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကလေးဝမြို့၌ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်ပွဲ ပြုလုပ်
Jan 14,2022
စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝမြို့၌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးက ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်ပွဲကို ယနေ့ နံနက် ၁၀ နာရီ က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခန်းမတွင် ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မိုးနဲမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိ
Jan 14,2022
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင် မိုးနဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီစဉ် ကြည့်ကြပ်မှုဖြင့် ကိုဗစ်-၁၉ ရောဂါ မြို့နယ်အတွင်း ကင်းရှင်းစေရန်အတွက် Sinopharm ကို ပဉ္စမအသုတ် ဒုတိယအကြိမ်နှင့် ဆဌမအသုတ် ပထမအကြိမ် တစ်ပြိုင်နက်တည်း မြို့နယ် ကမ္ဘောဇခန်းမတွင် ယနေ့မွန်းလွဲ ၁ နာရီ အချိန်ခန့်က ဆက်လက်ထိုးနှံပေးလျက် ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပဥ္စမသုတ် ဒုတိယအကြိမ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး လာရောက်ထိုးနှံသူ (၁၅၀၇)ဦးရှိ
Jan 14,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တရားမြို့အနီး ဝန်းကျင်ကျေးရွာများနှင့် ဝေးလံသည့် ကျေးရွာများမှ ပဥ္စမသုတ် ဒုတိယအကြိမ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး လာရောက်ထိုးနှံသူ (၁၅၀၇)ဦးရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
နောင်တရားမြို့၌ တိုက်ပွဲရှောင်ပြည်သူများအတွက် စားသောက်ကုန်နှင့် အသုံးအဆောင် ပစ္စည်းများလှူဒါန်း
Jan 14,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တရားမြို့၌ ခေတ္တခိုလုံနေသည့် ကာယားပြည်နယ်မှ တိုက်ပွဲရှောင် ပြည်သူများအတွက် အလှူရှင်များက စားသောက်ကုန်နှင့် အသုံးအဆောင်ပစ္စည်းများလှူဒါန်းကို ယနေ့နံနက်ပိုင်းတွင် လာရောက်လှူဒါန်းသည်။
အပြည့်အစုံ ဖတ်ရန်
မင်းလှမြို့နယ်တွင် ကိုဗစ်-၁၉ မျိုးကွဲသစ်အိုမီခရွန် (Omicron) ရောဂါ ကြိုတင်ကာကွယ်ရေး နှာခေါင်းစည်း Mask ဖြန့်ဝေ
Jan 14,2022
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် ကိုဗစ်-၁၉ မျိုးကွဲသစ်အိုမီခရွန် (Omicron) ရောဂါ ကြိုတင်ကာကွယ်ရေး နှာခေါင်းစည်း Mask ဖြန့်ဝေပေးခြင်းကို ယနေ့နံနက် ၈နာရီ က မင်းလှမြို့အဝင် တြိဂံလမ်းဆုံတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့က ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
23009
Page
23010
Page
23011
Page
23012
Current page
23013
Page
23014
Page
23015
Page
23016
Page
23017
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department