နောင်တရား ဇန်နဝါရီ ၁၄
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တရားမြို့၌ ခေတ္တခိုလုံနေသည့် ကာယားပြည်နယ်မှ တိုက်ပွဲရှောင် ပြည်သူများအတွက် အလှူရှင်များက စားသောက်ကုန်နှင့် အသုံးအဆောင်ပစ္စည်းများလှူဒါန်းကို ယနေ့နံနက်ပိုင်းတွင် လာရောက်လှူဒါန်းသည်။
နောင်တရားမြို့ ရတနာရန်နိုင်စေတီဓမ္မာရုံ၊ ဗုဒ္ဓဓမ္မတောင်ဓမ္မာရုံ၊ လွယ်ရိုးစေတီဓမ္မာရုံနှင့် စန္တာခမ်းဘက်စုံဖွံ့ဖြိုးရေးကွင်း စသည့်နေရာများ၌ ခေတ္တတည်းခိုရန်အတွက် စီစဉ်ပေးလျက်ရှိပြီး၊ စားသောက်၊ ရေ၊ မီး၊ အိပ်ယာများကို အဆင်ပြေစွာ စီစဉ်ထားသည်။ အဆိုပါနေရာတွင် တိုက်ပွဲရှောင်ပြည်သူ စုစုပေါင်း(၅၀၀)ကျော် ရောက်ရှိလျက်ရှိသည်။ နောင်တရားမြို့ ဒေသခံများနှင့် ရပ်ဝေးအလှူရှင်များက တိုက်ပွဲရှောင်ပြည်သူများအတွက် ဆန်၊ ဆီ၊ စားနှင့် အခြားစားသောက်ကုန်များကို လာရောက်လှူဒါန်းကြကြောင်း သိရသည်။
နောင်တရား(ပြန်/ဆက်)