မင်းလှမြို့နယ်တွင် ကိုဗစ်-၁၉ မျိုးကွဲသစ်အိုမီခရွန် (Omicron) ရောဂါ ကြိုတင်ကာကွယ်ရေး နှာခေါင်းစည်း Mask ဖြန့်ဝေ‌

အထက်မင်းလှ   ဇန်နဝါရီ   ၁၄

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် ကိုဗစ်-၁၉ မျိုးကွဲသစ်အိုမီခရွန် (Omicron) ရောဂါ ကြိုတင်ကာကွယ်ရေး နှာခေါင်းစည်း Mask ဖြန့်ဝေပေးခြင်းကို ယနေ့နံနက် ၈နာရီ က မင်းလှမြို့အဝင် တြိဂံလမ်းဆုံတွင် မြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့က ဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ကျန်းမာရေးဌာနမှဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊  မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှုးများ ပူးပေါင်းအဖွဲ့က ခရီးသွားပြည်သူများ၊ ဈေးရောင်းဈေးဝယ် ပြည်သူများအား ကိုဗစ်-၁၉ မျိုးကွဲသစ်အိုမီခရွန် (Omicron) ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေး အတွက် နေအိမ်ပြင်ပထွက်ခွာသွားလာရာတွင် နှာခေါင်းစည်း Mask ကို မဖြစ်မ‌နေ စနစ်တကျ တပ်ဆင်သွားလာရန်၊ ကျန်းမာရေးဝန်ကြီးဌာန၏    ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များအား  လိုက်နာဆောင်ရွက်ရန်တို့ကို အသိပညာပေးပြောကြားခဲ့ပြီး     နှာခေါင်းစည်း Mask တပ်ဆင်ခြင်းမရှိသူများအား နှာခေါင်းစည်း Mask များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ဇာဇာ(အထက်မင်းလှ)