နောင်တရား ဇန်နဝါရီ ၁၄
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တရားမြို့အနီး ဝန်းကျင်ကျေးရွာများနှင့် ဝေးလံသည့် ကျေးရွာများမှ ပဥ္စမသုတ် ဒုတိယအကြိမ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး လာရောက်ထိုးနှံသူ (၁၅၀၇)ဦးရှိကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် နိုင်ငံတော်မှ ကာကွယ်ဆေး လုပ်ငန်းများကို ဦးစားပေး အစီအစဉ်အလိုက် ဆောင်ရွက်ပေးလျက်ရှိပြီး နောင်တရားမြို့ အနီးဝန်းကျင်ရှိ ကျေးရွာများနှင့် မြို့နှင့်အလှမ်းကွာဝေးသည့် ဝေးလံသည့် ကျေးရွာများအထိ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးလျက်ရှိပြီး ဇန်နဝါရီလ ၁၁၊ ၁၂၊ ၁၃ရက်နေ့အထိ ပဥ္စမသုတ် ဒုတိယအကြိမ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး လာရောက်ထိုးနှံသူ(၁၅၀၇)ဦး ရှိကြောင်း နောင်တရားမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။ ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး သတ်မှတ်အကြိမ်ရေ အပြည့်အဝ လွမ်းခြုံထိုးနှံနိုင်ရေးအတွက် မြို့ပေါ်(၃)ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၁၄)အုပ်စုမှ ဝေးလံသည့် ကျေးရွာများအထိ သတ်မှတ် စုရပ်များ၌ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံနိုင်ရေးအတွက် နောင်တရားမြို့၊ မြို့အုပ်ချုပ်ရေးမှူး ဦးစိုင်းချမ်းမြေ့ဝင်းနှင့် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများ၊ လူမူရေးအသင်းအဖွဲ့များက ဒုတိယအကြိမ် လာရောက်ထိုးနှံသည့် ပြည်သူများကို ကူညီဆောင်ရွက်ပေးလျက်ရကြောင်း သိရသည်။
ခွန်အောင်