မိုင်းခတ် ဇန်နဝါရီ ၁၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းခတ်မြို့နယ်တွင် လူမှုဝန်ထမ်းဦးစီးဌာနမှ ၂၀၂၁-၂၀၂၂ ခုနှစ် ဘဏ္ဍရေးနှစ် ပထမသုံးလပတ် (အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာ) လအတွက် အသက် ၈
၅ နှစ်နှင့် အထက် ဘိုးဘွား ၃၉ ဦးအား လူမှုရေးပင်စင် ထောက်ပံ့ပေးခြင်းကို ယနေ့ နံနက် ၁၀ နာရီအချိန်က တာဝန်ရှိသူများမှ ထောက်ပံ့ပေးအပ်လျက်ရှိကြောင်း သိရသည်။
မိုင်းခတ်မြို့နယ်ရှိ ရပ်ကွက်၊ ကျေးရွာအုပ်စုများတွင် အသက်(၈၅)နှစ်နှင့်် အထက် ဘိုးဘွား (၃၉)ဦးရှိပြီး အဆိုပါ ထောက်ပံ့ပေးအပ်ရာသို့ လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးမာကု (လူမှုဝန်ထမ်း-၄)၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် စာရေးများက ဘိုးဘွားတစ်ဦးလျှင် ၃၀၀၀၀ ကျပ်နှုန်းဖြင့် စုစုပေါင်း ထောက်ပံ့ငွေကျပ် (၁၁၇၀၀၀၀) အား အိမ်တိုင်ရာရောက် သွားရောက် ထောက်ပံ့ပေး အပ်ခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)