အမ်း ဇန်နဝါရီ ၁၄
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်း အိုမီခရွန်ရောဂါ ကူးစက်ပျံ့နှံ့မှုမရှိစေရေးအတွက် သိရှိလိုက်နာဆောင်ရွက်ရမည့် ကိုဗစ်-၁၉ ညွန်ကြားချက်များအား ပြည်သူများသိရှိစေရန် ယနေ့နံနက် (၁၀)နာရီအချိန် က မြို့ပေါ်လမ်းဆုံလမ်းမများနှင့် ရပ်ကွက်ကျေးရွာများသို့သွားရောက်၍ အသံချဲ့စက်ဖြင့် အသိပညာပေးလှည့်လည်နှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် ကိုဗစ်-၁၉ ရောဂါ ထိန်းချူပ်နိုင်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏ လမ်းညွန်မှုဖြင့် မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ မြို့နယ်အတွင်းနေထိုင်ကြသည့် မိဘပြည်သူများအနေဖြင့် ယခုအခါ မြန်မာနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်း အိုမီခရွန် စတင်ကူးစက်နေပြီဖြစ်သဖြင့် ကူးစက်ပျံ့နှံ့မှု မရှိစေရေး ကိုဗစ်-၁၉ ရောဂါ ညွှန်ကြားချက်များအား သိရှိလိုက်နာဆောင်ရွက်ကြရန်၊ မလိုအပ်ဘဲနေအိမ်ပြင်ပသို့ ထွက်ခွာခြင်းမပြုကြရန်၊ နေအိမ်ပြင်ပသို့ထွက်လျှင် နှာခေါင်းစည်း (Mask) စနစ်တကျ တပ်ဆင်သွားလာကြရန်၊ လက်ကိုဆပ်ပြာနှင့်မကြာခဏ စနစ်တကျဆေးကြော ရန်၊ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေခြင်း၊ အတတ်နိုင်ဆုံး လူစုလူဝေးရှောင်ရှားကြရန်၊ ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ အသက်ရှုရခက်ခဲခြင်း၊ အားအင်ကုန်ခမ်းခြင်းလက္ခဏာများ ဖြစ်ပွားပါက နီးစပ်ရာ ကျန်းမာရေးဌာနသို့ အမြန်ဆုံးသွားရောက် ပြသကြရန်လိုအပ်ကြောင်း ကိုဗစ်-၁၉ ညွှန်ကြားချက် များအား ပြည်သူများသိရှိပြီး လိုက်နာဆောင်ရွက်ကြရန် အသိပညာပေးလှည့်လည်နှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
စိုးမင်းထွန်း