ဖျာပုံမြို့၌ အသက်(၁၈)နှစ်နှင့်အထက် ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသူ ပြည်သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိ

ဖျာပုံဇန်နဝါရီ၁၄

ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင် ဖျာပုံမြို့နယ်တွင် ကာကွယ်ဆေး ထိုးနှံရန် ကျန်ရှိသူ ပြည်သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးစုရပ်အဖြစ် မြို့နယ်အတွင်းရှိ ဆေးထိုးစုရပ်()နေရာခွဲ၍ ဆက်လက်ထိုးနှံပေးခြင်းကို ဇန်နဝါရီလ(၁၄)ရက်နေ့ နေ့လည်()နာရီအချိန်က ဖျာပုံမြို့၊ သီရိအဏ္ဏဝါခန်းမနှင့် ပြည်သူ့အားကစားခန်းမတို့တွင် ဆေးထိုးစုရပ်ထားရှိကာ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးကို ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ပထမအကြိမ်အဖြစ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံပေးရာတွင် ကျန်းမာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ ကာကွယ်ဆေး လာရောက်ထိုးနှံသူများကို ကိုယ်အပူချိန်တိုင်းတာခြင်း သွေးပေါင်ချိန်ခြင်း တစ်ဦးနှင့်တစ်ဦး()ပေစီခြား၍ စနစ်တကျ နေရာ ချထားပြီးကာကွယ်ဆေးထိုးနှံရန်ကျန်ရှိသူဖျာပုံမြို့နယ်အတွင်းရှိရပ်ကွက်/ကျေးရွာများရှိပြည်သူများအားအကန့်အသက်မရှိကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးခြင်းကို ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

အောင်ဝင်းနိုင်