ရာသီအလိုက် သီးနှံ၊ ပန်းမန်များကို ပြောင်းလဲစိုက်ပျိုးလာ

ဝန်းသို ဇန်နဝါရီ ၁၄

စစ်ကိုင်းတိုင်းဒေသကြီး၊ ဝန်းသိုမြို့နယ်အတွင်းတွင် ပြောင်းလဲလာသော စိုက်ပျိုးရေးပုံစံနှင့်အညီ စိုက်ပျိုးရေး လုပ်ကိုင်သူများသည် ယခင်ကကဲ့သို့ သီးနှံ(သို့)ပန်းမန်များကို ပုံသေစိုက်ပျိုးခြင်းအစား စျေးကွက်လိုအပ်ချက် နှင့်အညီ ရာသီအလိုက် သီးနှံများ၊ ပန်းမန်များကို ပြောင်းလဲစိုက်ပျိုးကြကြောင်း စိုက်ပျိုးရေးလုပ်ကိုင်သူများက သုံးသပ်ပြောပြသည်။

"ပန်းမုံလာ ဆိုပါစို့ ရောင်းတန်းဝင်သည့်အချိန်တွင် အနှိမ့်ဆုံး တစ်ပွင့် ၃၀၀ ကျပ်ရရှိနိုင်ပြီး ထိုကျပ် ၃၀၀ ထဲတွင် အပင်၏ ရင်းနှီးစရိတ် ကျပ် ၇၀ ကိုဖယ်ပါက အမြတ်ငွေမှာ ၂၀၀ ကျပ်ခန့်ရရှိကြောင်း အုပ်ဖိုးကျေးရွာ ရာသီသီးနှံ၊ ပန်းမန်စိုက်ပျိုးသူကိုမြင့်ထွန်းက ပြောပြသည်။ "အဲဒီ ၃၀၀ ကျပ်ထဲက ၇၀ ကျပ်က ရင်းနှီးစရိတ် ထားရင် အမြတ်က တစ်ပွင့် ၂၃၀ ကျပ်၊ အပင် ၄၀၀၀ ဆိုတော့ တွက်တာကြည့်ပေါ့ဗျာ။ ဒီကြားထဲ အပွင့်ကြီး တစ်ပွင့်ကို ၆၀၀ကျပ်မှ ၈၀၀ ကျပ်အထိ ရရှိနိုင်သေးတယ်။

ပန်းမန်များမှာ ရောင်းတန်းဝင်သည့်အချိန်တွင် အပင်တစ်ပင်လျှင် ကျွန်တော်စိုက်ပျိုးရေးလုပ်ငန်းကို နှစ် ၂၀ ကျော်လုပ်ကိုင်လာခဲ့ပါတယ်။ ဝါသနာလည်းပါတယ်ဟု ၎င်းက ဆက်​ပြောသည်။ ယခင်က ယင်နယ်မြေရှိ မြေကွက်များတွင် မုံလာ၊ ပန်းမုံလာ၊ ခရမ်းချဥ်၊ ငရုတ်၊ ပြောင်း စသည့် ဆောင်းသီးနှံများကို နှစ်စဥ် စိုက်ပျိုးခဲ့ပြီး သီးနှံပုံစံတစ်မျိုးတည်းကို ထပ်ခါထပ်ခါ နှစ်စဥ်စိုက်ပျိုးလာသည့်အတွက် မြေသဘာဝပျက်စီးဆုတ်ယုတ်လာ ခြင်း၊ ရောဂါပိုမွှားများ ပိုမိုကျရောက်လာကြောင်း သီးနှံအထွက်နှုန်းများ ကျဆင်းလာတယ်။ ပြီးတော့ ထွက်ရှိ တဲ့ သီးနှံအရည်အသွေးကလည်း ကျဆင်းလာတယ်ဟု ၎င်းက ရှင်းပြသည်။"စပါးဆိုရင်လည်း မျိုးတစ်မျိုးကို ထပ်ခါထပ်ခါမစိုက်ပျိုးသင့် အခြားမျိုးတစ်မျိုးကို ပြောင်းလဲစိုက်ပျိုးသင့်တယ်။ ဒီမြေကွက်ကို ဒီနှစ် မုံလာ စိုက်ပျိုးမယ်ဆိုရင် နှောင်နှစ် အခြားသီးနှံစိုက်ပျိုးသင့်တယ်လို့ဆိုလိုတာပါ။

သီးနှံပုံစံပြောင်းလဲစိုက်ပျိုးသည့်အတွက် မြေသဘာဝပျက်စီးဆုတ်ယုတ်မှုကို ကာကွယ်နိုင်ပြီးတော့ သီးနှံများ ပိုးမွှားရောဂါကျရောက်မှုနည်းသဖြင့် သီးနှံများ အောင်မြင်ဖြစ်ထွန်းပြီးကုန်ကျစရိတ် သက်သာသည့်အတွက် အမြတ်ငွေများများရရှိပါတယ်။ မနှစ်က ဂန္ဓာပန်းစိုက်ပျိုးထားသည့်မြေကွက် ဒီနှစ်ပန်းမုံလာနှင့် မုံလာ စိုက်ပျိုးထားပါတယ်။ သီးနှံကိုပြောင်းလဲစိုက်ပျိုးထားသည့်အတွက် အောင်မြင်ပြီး သူများထက်အရင် ခူးဆွတ် ရပြီး ပန်းမုံလာကတော့ တစ်ပွင့် ၆၀၀ ကျပ်ဖြင့် ရောင်းချနေပြီး၊ မုံလာကတော့ တစ်ထုပ် ၁၅၀၀ကျပ်ဖြင့် ရောင်းချနေပြီဖြစ်ကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းကတော့ အဓိကက ရေလိုပါတယ်။ ရေရှိရင် စိုက်ပျိုးရေး လုပ်ငန်းအောင်မြင်ပါတယ်။"သီးနှံစိုက်ပျိုးမည်ဆိုရင် စျေးကွက်လိုအပ်ချက်နှင့် ကိုက်ညီတဲ့ သီးနှံ၊ ပန်းမန် မျိုးကောင်းမျိုးသန့်များကို ရွေချယ်စိုက်ပျိုးဖို့တော့လိုတာပေါ့။ မိမိသီးနှံ၊ ပန်းမန်များကို ရေလိုရင်ရေ၊ အစာလိုရင်အစာ မိမိသားသမီး များကို ပြုစုစောင့်ရှောက်သလိုမျိုး မိမိစိုက်ထားတဲ့ အပင်တွေကိုလည်း ဂရုစိုက်မယ်ဆိုရင် ပိုပြီးအောင်မြင်သလို အကျိုးအမြတ်လည်း များများရရှိမှာဖြစ်ပါတယ်။ အခုလို တစ်ပိုင်တစ်နိုင် စိုက်တာတောင် ကျွန်တော်တို့ မိသားစု စားဝတ်နေရေးအဆင်ပြေတာ၊ စီးပွားဖြစ်စိုက်တဲ့သူတွေဆိုရင် အများကြီးအကျိုးရှိမှာ"ဟု ကိုမြင့်ထွန်း က ပြောပြသည်။

 

မြင့်ထွန်းမင်း(ကောလင်း)