ရွှေသောင်ယံ ဇန်နဝါရီ ၁၅
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့တွင် ယနေ့နံနက်(၈)နာရီကဌာဆိုင်ရာဝန်ထမ်းများ၊ ဟိုတယ်ဝန်ထမ်းများ၊ ပြည်သူများစုပေါင်း၍ ကမ်းခြေတစ်လျှောက် သန့်ရှင်းသာယာလှပရေး လုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ရွှေသောင်ယံမြို့အမှတ်(၁)ရပ်ကွက်Lai Laiဟိုတယ်ရှေ့ကမ်းခြေမှ အမှတ် (၂)ရပ်ကွက်ရွှေသောင်ယံဟိုတယ်ရှေ့ကမ်းခြေအထိစုပေါင်းအမှိုက်ကောက်၍ ကမ်းခြေတစ် လျှေက် သန့်ရှင်းသာယာလှပရေးလုပ်ငန်းများကိုဆောင်ရွက်ခဲ့ကြသည်။ထိုကဲ့သို့ကမ်းခြေသန့်ရှင်းသာယာလှ ပရေးလုပ်ငန်းများဆောင်ရွက်ခြင်းဖြင့်အမှိုက်ကင်းစင်၍သန့်ရှင်းသာယာလှပသောကမ်းခြေတစ်ခု ဖြစ်လာပြီးလာရောက်အပန်းဖြေကြသောပြည်သူများစိတ်လက်ရွှင်လန်းစွာဖြင့်အပန်းဖြေနိုင်မည်ဖြစ်သည်။
အဆိုပါကမ်းခြေသန့်ရှင်းသာယာလှပရေးလုပ်ငန်းများဆောင်ရွက်ရာတွင်ရွှေသောင်ယံမြို့၊မြို့အုပ် ချုပ်ရေးမှူးနှင့်ဌာနဆိုင်ရာဝန်ထမ်းများ၊မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့်အဖွဲ့ဝင်များ၊ရွှေသောင်ယံဟိုတယ်ဝန်ထမ်းများ၊LAILAIဟိုတယ်ဝန်ထမ်းများ၊ရပ်ကွက်(၁၊၂၊၃)ရှိပြည်သူများစုစုပေါင်းအင်အား(၁၀၀)ခန့်ဖြင့်ဆောင်ရွက်ခဲ့ကြသည်။
ကိုကိုမောင်