ရန်ကုန် ဇန်နဝါရီ ၁၅
ရန်ကုန်အနောက်ပိုင်းခရိုင် ကမာရွတ်မြို့နယ်တွင် ယနေ့နေ့နံနက်ပိုင်းမှ စတင်၍ မြို့နယ်စည်ပင်သာယာရေး၊ မြို့ပြနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းဌာနမှဝန်ထမ်းများစုပေါင်း၍ အမှတ်(၁၀)ရပ်ကွက်သံလွင်လမ်းရှိ လမ်းသားမြေပိုများနှင့် ရေနုတ်မြောင်းအား သန့်ရှင်းသာယာလှပစေရေးအတွက် စုပေါင်းအဖွဲ့ဖြင့်ရှင်းလင်း ဆောင်ရွက်ပေးလျှက်ရှိပါသည်။
အလားတူမြို့နယ်တွင်းရှိ အဓိကလမ်းမကြီးများဖြစ်သည့်အင်စိန်လမ်းမကြီး၊ တက္ကသိုလ်ရိပ်သာလမ်း၊ နာနတ်တောလမ်း၊ ဗဟိုလမ်း၊ ဘုရင့်နောင်လမ်းမကြီးနှင့် လှည်တန်းလမ်းမကြီးပေါ်ရှိ လမ်းသားမြေပိုများကို လည်း ရှင်းလင်းပေးခြင်း၊ ခြံစည်းရိုးနှင့်ပလက်ဖောင်းကြားအမှိုက်များနှင့် လျှပ်စစ်ကြိုးများနှင့် မလွတ်ကင်းသည့် သစ်ပင်ကြီးများ၏ အကိုင်းအခက်များကို ရှင်းလင်းခြင်း၊ အများပြည်သူများသွားလာရာတွင် ဘေးအန္တရာယ် ကင်းရှင်းစေရေးနှင့်စိတ်ကြည်လင်မှု့ရရှိစေရန်အတွက် မြို့နယ်တွင်းသန့်ရှင်းလှပစေရေးကို မြို့နယ်တွင်းရှိ မြို့ပြပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းဌာနမှဝန်ထမ်းများမှ စေတနာပြည့်ဝစွာဖြင့် ဆောင်ရွက်ပေးလျှက်ရှိကြောင်း သိရှိရပါသည်။
စိမ်းလဲ့ ပြန်ဆက်