ကျေးရွာတောင်သူများနှင့် ပြည်သူများတွက် အကျိုးပြုမည့် ကျေးလက်ကုန်ထုတ်လမ်း ဖောက်လုပ်ပေး

ပေါက်ခေါင်း   ဇန်နဝါရီ   ၁၅ 

ကျေးလက်ပြည်သူများနှင့်တောင်သူများ၏ လယ်ယာထွက်ကုန်သီးနှံများ လွယ်ကူလျှင်မြန်စွာ သယ်ယူပို့ဆောင်နိုင်ရေးနှင့်လယ်ယာသုံးစက်များ အလွယ် တကူ သွားလာနိုင်ရေးတို့အတွက် ရည်ရွယ်၍ ပေါက်ခေါင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်ကုန်ထုတ်လမ်းများ ဖောက်လုပ်ပေးလျက်ရှိသည်။

 

ထိုသို့ ဆောင်ရွက်ရာတွင် ယခုဘဏ္ဍာနှစ်တွင် ပြည်ထောင်စုအစိုးရခွင့်ပြုရန်ပုံငွေဖြင့် တင်ဒါအောင်မြင်သည့် ကုမ္ပဏီများမှ အနောက်ကြို့ကုန်းအုပ်စု၊ညောင်ပင်အင်းရွာ ကျေးလက်ကုန်ထုတ်လမ်းကို ခွင့်ပြုရန်ပုံငွေ (၅၄ဒသမ၇၂)သန်းဖြင့် လမ်းအရှည် ၃/၇.၅ မိုင်၊ အကျယ် ၁၂ ပေ၊ထု ၂ ပေ ၉ လက်မ မြေသားမြေနီလမ်းနှင့်ငါးခူအိုင်‌ေကျးရွာအုပ်စုအောင်မြင်ကုန်းရွာအတွက် ခွင့်ပြုရန်ပုံငွေ (၈၀ဒသမ၅၉၈)သန်းဖြင့် လမ်းအရှည် ၁/၁.၈၂၁ မိုင်၊ အကျယ် ၁၂ ပေ၊ထု၂ပေ ၉ လက်မရှိ မြေသားမြေနီလမ်းခင်း ဖောက်လုပ်‌ဆောင်ရွက်ပေးခြင်းတို့ကို ဒီဇင်ဘာ စတုတ္တပတ်က စတင်ဆောင်ရွက်ခဲ့ကြောင်း မြို့နယ်ကျေးလက်ဦးစီးဌာနမှ သိရသည်။

ကျေးလက်ကုန်ထုတ်လမ်းဖောက်လုပ်ပြီးစီးပါက အဆိုပါကျေးရွာအုပ်စုအတွင်းရှိ လူဦးရေ(၁၈၁၁)ဦး၊ လယ်ယာထုတ်ကုန်ဧက ၄၀၀ ကျော်မှထွက်ရှိသော သီးနှံများသယ်ယူရောင်းချရာတွင် လွယ်ကူမြန်ဆန်အဆင်ပြေမည်ဖြစ်သည်။၎င်းကုန်ထုတ်လမ်းဖောက်လုပ်နေမှုကို ကျေးလက်ဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးဌေးဇော်နှင့် ဝန်ထမ်းများက ကွင်းဆင်းစစ်ဆေးခြင်းနှင့်လိုအပ်သည့် နည်းပညာများကို ပံ့ပိုးကူညီပေးလျက်ရှိကြောင်း သိရသည်။

 

သန်းထွန်းအောင်