နောင်ချိုမြို့နယ်တွင် ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးသူငယ်များအား ငွေကြေးထောက်ပံ့ခြင်း (MCCT) အစီအစဉ် Digital Literacy ဆင့်ပွား သင်တန်းကျင်းပ

နောင်ချို  ဇန်နဝါရီ    ၁၅           

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသော အသက်(၁၂)နှစ်အောက် ကလေးသူငယ်များအား ငွေကြေးထောက်ပံ့ခြင်း(MCCT) အစီအစဉ် Digital Literacy ဆင့်ပွားသင်တန်းကို ယမန်နေ့က ကျင်းပခဲ့ကြောင်း သိရသည်။

သင်တန်းဖွင့်ပွဲတွင် မြို့နယ်အမျိုးသမီးရေးရာ ဥက္ကဌ ဒေါ်အေးငြိမ်းသူက ဆင့်ပွားသင်တန်း ဖွင့်လှစ်ရ ခြင်း၏ ရည်ရွယ်ချက်ကိုပြောကြားခဲ့ပြီးလူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်စန်းစန်းမော်က၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် ၆ လတာကာလအတွက် (MCCT) အစီအစဉ် အကျိုးခံစားခွင့်ရှိသူများအား ထောက်ပံ့ပေးရန် အတွက်စာရင်းကောက်ယူနိုင်ရေး၊ AYA Bank မှတစ်ဆင့်ငွေ ကြေးထောက်ပံ့ရာတွင် အကျိုးခံစားခွင့်ရသူများထံ ထိရောက်စွာ ရောက်ရှိရန်အတွက် နည်းပညာအသုံးပြုပုံတို့ ကို  ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါ သင်တန်းကို နံနက်(၁၀:၀၀)နာရီမှ ညနေ(၄)နာရီအထိ သင်တန်းပို့ချခဲ့ပြီး ရပ်ကွက်၊ ကျေးရွာ (၄၁)နှစ် အမျိုးသမီးရေးရာ အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြောင်း လူမှုဝန်ထမ်းဦးစီးဌာနမှ သိရသည်။

ထွေးငယ်၊