အမြို့မြို့အနယ်နယ်သတင်းများ

Jan 19,2022
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့၊ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန(Community Centre)ခန်းမ၌ ယမန်နေ့ ညနေ ၃ နာရီခန့်က စာပေချစ်မြတ်နိုးသူ ( Women Club ) အသင်းအဖွဲ့ဝင်များစုပေါင်း၍ “ လူငယ်နှင့်ဘဝတန်ဖိုး ” စာအုပ် ဖြင့် စာဖတ်ဝိုင်း ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။
Jan 19,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Comm unity Centre) ခန်းမ၌ ယနေ့နံနက်ပိုင်းက လူငယ်၊ လူရွယ်များ မမေ့အပ်သော နေ့ထူးနေ့မြတ်ဖြစ်သည့် ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းကို သိရှိစေရန်နှင့် ဖေဖော်ဝါရီ(၁၂)ရက်တွင် ကျရောက်မည့် (၇၅) နှစ်မြောက် စိန်ရတုအထိမ်းအမှတ် ပြည်ထောင်စုနေ့(အကြို)  စာအုပ်၊ စာစောင်ပြပွဲကို ကျင်းပပြုလုပ်ခဲ့သည်။
Jan 19,2022
ကယားပြည်နယ်မှ ခေတ္တခိုလုံရောက်ရှိလာသည့် တိုက်ပွဲရှောင်ပြည်သူများ ကိုဗစ်-၁၉ ရောဂါ အစုလိုက် ကူးစက်မှုမဖြစ်ပေါ်စေရေးအတွက် ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နောင်တရားမြို့ တိုက်ပွဲရှောင်ခေတ္တလက်ခံရေးဌာနဖြစ်သည့် ရတနာရန်နိုင် ဓမ္မာရုံ၊ ရွှေဘုန်းပွင့်ပညာဒါနကျောင်း၊ ဗုဒ္ဓဓမ္မတောင်၌ တိုက်ပွဲရှောင်ပြည်သူများကို ကိုဗစ်-၁၉ ရောဂါပိုးရှိမရှိ ယနေ့နံနက်ပိုင်းတွင် အခမဲ့စစ်ဆေးသည်။
Jan 19,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုးနဲမြို့နယ် အားကစားနှင့်ကာယပညာ ဦးစီးဌာန၏ စီစဉ်မှုဖြင့် မြို့နယ်အတွင်းရှိ အခြေခံ ပညာကျောင်းများသို့သွားရောက်၍ ကိုယ်လက်လှုပ်ရှား ဆေးတစ်ပါး ကိုယ်ကာယ လေ့ကျင့်ခန်းများ ပြုလုပ်ခြင်း၊ အားကစားဆိုင်ရာ အထောက်အကူပြုပစ္စည်းများပေးအပ်လှူဒါန်းခြင်းနှင့် အားကစားဆိုင်ရာ အသိပညာပေးဟောပြောခြင်းများကို ကွင်းဆင်းဆောင်ရွက် လျက်ရှိရာ ယနေ့နံနက် ၉ နာရီ အချိန်က မိုးနဲအခြေခံပညာအထက်တန်းကျောင်း၌ ဆက်လက်ကွင်းဆင်း ဆောင်ရွက် ခဲ့ကြောင်း သိရသည်။
Jan 19,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူများ ကျန်းမာကြံ့ခိုင်ကာ အားကစားကို စိတ်ပါဝင်စားပြီး မူးယစ်ဆေးဝါး သုံးစွဲခြင်းမှ ရှောင်ရှားနိုင်စေရန်နှင့် နိုင်ငံ့ဂုဏ်ဆောင်နိုင်မည့် အားကစားသမားများ ပေါ်ထွန်းလာစေ ရန် ရည်ရွယ်၍ အမှတ်(၁) အခြေခံပညာ အလယ်တန်းကျောင်းခွဲရှိ ကျောင်းသား၊ ကျောင်းသူများအား  အားကစားဆိုင်ရာ အသိပညာပေး ဟောပြောပွဲနှင့် အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းက အဆိုပါ ကျောင်းတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Jan 19,2022
မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ ပြည်နယ်ဝန်ကြီးများနှင့် ဌာနအလိုက် တာဝန်ရှိသူများသည် ယမန်နေ့မွန်းလွဲပိုင်း က သံဖြူဇရပ်မြို့နယ်၊ ကုန်းမြင့်သာယာကျေးရွာရှိ Southland Myanmar ကုမ္ပဏီလီမိတက်သို့ ရောက်ရှိပြီး စက်ရုံရှင်းလင်းဆောင်တွင် တာဝန်ရှိသူများ၏ စက်ရုံလည်ပတ်နေမှု အခြေအနေနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ် က မွန်ပြည်နယ်သည် ရော်ဘာစိုက်ပျိုးမှုနှင့် ထွက်ရှိမှုအများဆုံးဖြစ်သည့် ပြည်နယ်တစ်ခုဖြစ်သကဲ့သို့ အရည်အသွေးမီ အဆင့်မြင့် ရော်ဘာကုန်ချောထုတ်လုပ်နိုင်ရေး ဆောင်ရွက်ကြရန်၊ စွန့်ပစ်ရေဆိုးစနစ်များ စွန့်ထုတ်မှုတို့ကို စနစ်တကျဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားသည်။
Jan 19,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ၂၀၂၁-၂၀၂၂ (၆) လ ဘဏ္ဍာရေးနှစ်တွင် ဖွင့်လှစ်သည့် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု တန်ဖိုးမြင့် ကိတ်မုန့်ပြုလုပ်နည်းအမျိုးမျိုး (Bakery and Snack) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် (၁၀) နာရီ အချိန်က နတ်စဉ်ကုန်းကျေးရွာရှိ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။