ညောင်လေးပင်မြို့နယ်၌ ကျန်းမာရေး၀န်ထမ်းများမှ မကူးစက်တတ်သော ရောဂါများအား စစ်ဆေးဆောင်ရွက်ပေးလျက်ရှိ

ညောင်လေးပင် ဇန်နဝါရီ ၁၉

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ညောင်လေးပင်မြို့နယ်တွင် ယနေ့ နံနက် ၉:၃၀ အချိန်ခန့်က ကျန်းမာရေး ၀န်ထမ်းများက မကူးစက်တတ်သောရောဂါများအား စစ်ဆေးဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

စစ်ဆေးဆောင်ရွက်ပေးရာတွင် မကူးစက်တတ်သောရောဂါ အမျိုးအစားများဖြစ်သည့် သွေးတိုး၊ ဆီးချို၊ ကင်ဆာ၊ နှလုံးရောဂါ၊ ပန်းနာရင်ကျပ်စသည့် ရောဂါများအား စစ်ဆေးပေးခဲ့ပြီး အကယ်၍ ရောဂါတွေ့ရှိပါက ရောဂါများအတွက် ဆေး(၃)လစာအား ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မကူးစက်တတ်သော ရောဂါများအား စစ်ဆေးပေးခြင်းကို ကျန်းမာရေးဝန်ထမ်းများမှ ဦးဆောင်၍ ယနေ့တွင် သစ်တောဦးစီးဌာနရှိ ဝန်ထမ်းများအား စစ်ဆေးပေးခဲ့ပြီး နောက်ရက်များတွင် ကျန်ရှိနေသော ဌာနဆိုင်ရာများအား ဆက်လက်စစ်ဆေးပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)