အမြို့မြို့အနယ်နယ်သတင်းများ

Jan 19,2022
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ် ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ကသာမြို့ အ.ထ.က(၂)ကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများအား ယမန်နေ့ က ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
Jan 19,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ စိတ္တသုခဘုန်းတော်ကြီးကျောင်း ဘောလုံးကွင်းတွင် ယမန်နေ့ မွန်းလွဲ(၁)နာရီအချိန်က OK ယာဉ်မောင်းသင်တန်းကျောင်းနှင့် အားကစားနှင့် ကာယ ပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော (၇၅)နှစ်မြောက် ပြည်ထောင်စုနေ့ စိန်ရတုအထိမ်းအမှတ် အကြို အလွတ်တန်းဘောလုံး ပြိုင်ပွဲဖွင့်ပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။
Jan 19,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုးနဲမြို့နယ်၌ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့ ပူးပေါင်း၍ မြို့နယ်အတွင်းရှိ ကိုယ်ဝန်ဆောင် မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးသူငယ်များအား Mobile Bank စနစ်ဖြင့် ငွေကြေးထောက်ပံ့ပေးနိုင်ရေးသင်တန်းကို ယနေ့ နံနက် ၉ နာရီက မြို့နယ် ကမ္ဘောဇ ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Jan 19,2022
ရှမ်းပြည်နယ်(​တောင်ပိုင်း)၊ မိုင်းရှူးမြို့နယ်တွင် အသက် (၁၂) နှစ်အထက် ပြည်သူများနှင့် ကျောင်းသား/ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး စဉ်ဆက်မပြတ် ထိုးနှံပေးခဲ့ရာ ဇန်နဝါရီလ ၁၈ ရက်နေ့အထိ မိုင်းရှူးမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးလွှမ်းခြုံ မှု ၅၄ရာခိုင်နှုန်းရှိပြီ ဖြစ်ကြောင်း သိရသည်။
Jan 19,2022
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရုံးမြေစိုက်နံရံကပ်ပြဘုတ်တွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် ဦးတည်ချက်(၉)ရပ် ဗီနိုင်းပိုစတာ မှတ်တမ်းဓါတ်ပုံများအား အများပြည်သူကြည့်ရှုနိုင်ရန်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ယမန်နေ့နေ့လယ်ပိုင်းတွင် စတင်ပြီး ပြသထားကြောင်း သိရသည်။
Jan 19,2022
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် တောင်ငူမြို့နယ်အတွင်း ကိုဗစ် - ၁၉ ရောဂါမျိုးကွဲသစ် အိုမီခရွန် ကြိုတင်ကာကွယ် တားဆီးရေးဆိုင်ရာ အချက်များကို ယနေ့နံနက်ပိုင်းက တောင်ငူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဌာနမှ ဝန်ထမ်းများက ရပ်ကွက်နှင့်ကျေးရွာများသို့ သွားရောက်၍ အသိပေးနှိုးဆော်ခြင်း များ ဆောင်ရွက်ခဲ့ကြသည်။
Jan 19,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တရား မြို့အမှတ်(၁)ရပ်ကွက်အတွင်း၌ မြန်မာ၊ ပအိုဝ်း၊ ရှမ်း ဘာသာစကားသုံးမျိုးဖြင့် အိုမီခရွန်ဗီဇပြောင်း ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ကာကွယ်ရေး အသိပညာပေးခြင်းလုပ်ငန်းကို ယနေ့နံနက်ပိုင်းတွင် ဆောင်ရွက်သည်။
Jan 19,2022
မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် သမဝါယမဦးစီးဌာနတို့ပူးပေါင်း၍ Online စနစ်ဖြင့် အများပြည်သူ အသိပညာပေး သမဝါယမဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက် (Talk Show)ကို ယမန်နေ့နေ့လည် (၂)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်ရုံး လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမ၌ ပြုလုပ်ဆောင်ရွက်ခဲ့သည်။