ကြံခင်းမြို့တွင် လူမှုဝန်ထမ်းဦးစီးဌာနမှ MCCTထောက်ပံ့မှုနှင့် ထုတ်ယူနိုင်ရေး ထပ်ဆင့်ရှင်းလင်းခြင်းနှင့် အကျိုးခံစားခွင့်ရှိသူ စာရင်းကောက်ယူခြင်းဆောင်ရွက်

ကြံခင်း ဇန်နဝါရီ ၁၉

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် ကြံခင်းမြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ MCCT အစီအစဉ်ဖြင့် ထောက်ပံ့မှုများအား လွယ်ကူချောမွေ့စွာ ထုတ်ယူနိုင်ရန် ယနေ့နံနက် (၁၀)နာရီအချိန်က ကြံခင်းမြို့ မြို့မရပ်ကွက် ဒီပင်္ကရာဘုရားတန်ဆောင်းတွင် မြို့နယ် လူမှုဝန်ထမ်း ဦးစီးဌာနနှင့် ရပ်/ကျေးအုပ်ချုပ်ရေးအဖွဲ့များ ပူးပေါင်းပြီး ထပ်ဆင့် ရှင်းလင်းခြင်းနှင့် ကိုယ်ဝန်ဆောင်မိခင်၊ ၎င်းမိခင်မှမွေးဖွားလာသည့် အသက်(၂)နှစ် အောက် ကလေးသူငယ်များငွေကြေးထောက်ပံ့ပေးသော အကျိုးခံစားခွင့်ရှိသူ စာရင်းများ ကောက်ယူခြင်းက ိုဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ မြို့နယ်လူမှုဝန်ထမ်းဦးစီးအရာရှိ ဒေါ်သီတာဦးမှ MCCTထောက်ပံ့ငွေနှင့် သက်ဆိုင်သည့်မိခင်များအား လွယ်ကူစွာထုတ်ယူနိုင်ရေးအတွက်ထုတ်ယူနိုင်သည့်နည်းလမ်း(၃)မျိုးအားလည်းကောင်း၊အကျိုးခံစားခွင့်ရှိသူများအနေဖြင့် ထောက်ပံ့ငွေလက်ခံမည့် နည်းလမ်း အား တိကျစွာထည့်သွင်းထုတ်ယူနိုင်ရေးအားရှင်းလင်းပြောကြားပါသည်။

ထို့နောက် တတ်ရောက်လာကြသော အကျိုးခံစားခွင့်ရှိသူ ကိုယ်ဝန်ဆောင်မိခင်စာရင်းများနှင့် စပ်လျဉ်းပြီးကလေးမွေးဖွားသည့် နေရက်၊ထောက်ပံ့သည့်ရက်စွဲ Columnတွင် စာရင်းမှန်ကန်စွာ ဖြည့်သွင်းနိုင်ရေးအတွက်မြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနနှင့်ရပ်/ ကျေးအုပ်ချုပ်ရေးအဖွဲ့များပူးပေါင်းပြီး ကိုဗစ်-၁၉ရောဂါကာကွယ်ရေးနည်းလမ်းများနှင့်အညီ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ကြံခင်းမြို့ မြိုမရပ်ကွက်အတွင်းရှိ၂၀၂၁-၂၀၂၂ (၆)လဘတ်ဂျတ်၏ ပထမသုံးလပတ် ကိုယ်ဝန်(၂)လနှင့် အထက်မိခင်များအား (အောက်တိုဘာ၊နိုဝင်ဘာ၊ ဒီဇင်ဘာ)လအတွက် အကျိုးခံစားခွင့်ရှိသူစာရင်း ကောက်ယူရာ (၂)လနှင့်အထက် ကိုယ်ဝန်ဆောင်မိခင်(၂၅)ဦး၊ ယခင်ထောက်ပံ့ငွေရရှိပြီး အသက်(၂)နှစ်မပြည့်သော ကလေး(၄၀)ဦးကို စာရင်း ကောက်ယူခဲ့ကြောင်းနှင့် ၎င်းစာရင်းများကို ဇန်နဝါရီ(၂၃)ရက်နေ့ထိ ဆက်လက်ကောက်ခံသွားမည်ဖြစ်ကြောင်း တာဝန်ရှိသူထံကသိရသည်။

မိုးမိုး(ပြန်/ဆက်)