အမြို့မြို့အနယ်နယ်သတင်းများ

Jan 25,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်အတွင်းရှိ ကုန်စုံဆိုင်များနှင့် စျေးဆိုင်များအား မီးဘေးအန္တရာယ်ကင်းဝေးစေ ရေးအတွက် မီးဘေးလုံခြုံရေး စစ်ဆေးခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီခွဲအချိန်က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
Jan 25,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ ၂၀၂၁-၂၀၂၂(၆)လ ဘဏ္ဍာရေး နှစ်တွင် ပြည်ထောင်စုရန်ပုံငွေဖြင့်  ဆောင်ရွက်လျက်ရှိသည့် ရေပေးရေးလုပ်ငန်းများနှင့် ကျေးလက်ကုန်ထုတ် လမ်းတံတားလုပ်ငန်းများအား ယမန်နေ့နံက်ပိုင်းက လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများအား မြို့နယ်ဦးစီးမှူး ဦးထွန်းသန်းဇော်နှင့် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Jan 25,2022
ရန်ကုန်အ​နောက်ပိုင်းခရိုင်၊ လသာမြို့နယ်တွင် ယ​နေ့​နံနက်၉နာရီအချိန်က ဗိုလ်ချုပ်​အောင်ဆန်းလမ်းမ​ပေါ်ရှိ     အထက(၂)လသာကျောင်း၀င်းအတွင်း၌ အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး  ဆက်လက်ထိုးနှံပေးလျက်ရှိ​ကြောင်း သိရသည်။
Jan 25,2022
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ချီဖွေမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူဆက်ဆံရေးဦးစီးဌာန နှင့် မြို့နယ်မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ သဘာဝဘေးအန္တရာယ်ဆိုင်ရာ သိကောင်းစရာနှင့် ပတ်သတ် ၍ ပြည်သူများသိရှိနိုင်ရန် အသိပညာပေး Talk Show ဆွေးနွေးပွဲကို ဇန်နဝါရီ ၂၄ ရက်နေ့ နံနက် ၁၀ နာရီတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာ(Community Centre) ၌ ပြုလုပ်ခဲ့သည်။
Jan 25,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင်၊  ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန(ရုံးချုပ်)မှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမျိုးနိုင်အောင်သည်တာဝန်ရှိသူများလိုက်ပါလျှက် ယမန်နေ့ နံနက်ပိုင်းက  ပါထွန်ကျေးရွာရှိ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းစီမံကိန်း(VDP) ကော်မတီဝင်များ၊ ကျေးရွာနေ ပြည်သူများနှင့်တွေ့ဆုံပြီး ကျေးရွာခန်းမဆောင် တည်ဆောက်ခြင်းနှင့် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းများကို ကြည့်ရှုစစ်ဆေး ခဲ့ကြောင်းသိရသည်။
Jan 25,2022
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ငဖဲမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စု(၃၃)အုပ်စုမှ အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွား (၂၉၈)ဦးအား လူမှုရေးပင်စင်ထောက်ပံ့ငွေများကို ယနေ့ နံနက်ပိုင်း က အိမ်တိုင်ရာရောက် ထောက်ပံ့ပေးအပ်ပြီးစီး ခဲ့ကြောင်း သိရသည်။
Jan 25,2022
ကချင်ပြည်နယ်၊ တနိုင်းမြို့အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းစာကြည့်တိုက်၌ ကျောင်းသား၊ ကျောင်းသူများ စာပေဖတ်ရှုသည့်အလေ့အထဖြစ်စေရန်ရည်ရွယ် စာဖတ်စွမ်းရည်ပြုင်ပွဲ ကို ဇန်နဝါရီလ (၂၄)ရက်နေ့ နေ့လည်(၁)နာရီခွဲက ကျင်းပသည်။
Jan 25,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့နယ်၊ နမ့်တောင်းကျေးရွာအုပ်စုအတွင်းရှိ ဒေသခံပြည်သူများ နိုင်ငံသားကတ်ကိုင်ဆောင်နိုင်ရေးအတွက် ပန်းခင်းစီမံချက်လာရောက်ဆောင် ရွက်ပါ လျင်မြန်လွယ်ကူစွာ ဆောင်ရွက်နိုင်ရန် ရည်ရွယ်ပြီး ရှေ့ပြေးစာရင်းကောက်ယူခြင်းလုပ်ငန်းကို ယနေ့နံနက်(၉)နာရီအချိန်က ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးရုံးတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။